ကချင်ပြည်နယ်

ပူတာအိုခရိုင်၌ အဂတိလိုက်စားမှုဖြစ်ပွားနိုင်ခြေအန္တရာယ်ရှိမှု ဆန်းစစ်လေ့လာခြင်း (Corruption Risk Assessment-CRA) ဆင့်ပွားသင်တန်းပို့ချ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် အဂတိလိုက်စားမှုဖြစ်ပွားနိုင်ခြေ အန္တရာယ်ရှိမှု ဆန်းစစ်လေ့လာခြင်း (Corruption Risk Assessment-CRA) ဆင့်ပွား သင်တန်းပို့ချခြင်း အခမ်းအနားကို ယမန်နေ့ နံနက် (၉)နာရီက ပူတာအိုခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပို့ချသည်။

ပူတာအိုမြို့၌ မြို့နယ်ရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်းက ကြီးမှူး၍ ဘောလုံးအားကစား ဒိုင်လူကြီး သင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် မြို့နယ်ရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်းက ကြီးမှူး၍ ပူတာအိုခရိုင် အားကစား လှုပ်ရှားမှုတွင် အထောက်အကူပြုရန်၊ မကြာမီ တိုင်းရင်းသားအားလုံးပါဝင်သော ဒိုင်အဖွဲ့ကို ဖွဲ့စည်းနိုင်ရန်၊ ဘောလုံးပြိုင်ပွဲ တွင် အဓိကကျသော ဒိုင်လူကြီးပညာကို အားကစား မျိုးဆက်သစ်များသို့ လက်ဆင့်ကမ်းပေးရန်နှင့် မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ ပြိုင်ပွဲလှုပ်ရှားမှုများတွင် နည်းစနစ်မှန်ကန်စွာဖြင့် အခြေခံကောင်း အားကစားမျိုးဆက်သစ် လူငယ်များကို မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်သည့် ဘောလုံးအားကစား ဒိုင်လူကြီးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက် ရဝမ်အမျိုးသားဉယျာဉ် ခရန်ခူးခန်းမ၌ ကျင်းပသည်။

တနိုင်းမြို့၌ သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၉ ရက်​နေ့ နေ့လယ် (၁) နာရီက ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(တနိုင်း)စစ်ဆင်ရေးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

၂၀၂၄ ခုနှစ်တွင် ကောက်ယူမည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမည့် လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် GIS နည်းပညာအသုံးပြု၍ သန်းခေါင်စာရင်း ယူနစ်များ (Census Units) ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကျင်းပ

၂၀၂၄ ခုနှစ် ကောက်ယူမည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမည့် လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် GIS နည်းပညာ အသုံးပြု၍ သန်းခေါင်စာ ရင်းယူနစ်များ (Census Units) ဖွဲ့စည်းခြင်း ရှင်းလင်း ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခ ခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆွမ်ပရာဘွမ်မြို့နယ်၌ အ.ထ.ကကျောင်းနှင့်မြို့နယ်ပညာရေးမှူးရုံးရှေ့တွင်ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ အခြေခံ ပညာအထက်တန်းကျောင်းနှင့် မြို့နယ်ပညာရေးမှူးရုံးရှေ့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံကြပါစို့ အထိမ်းအမှတ်ဆိုင်းဘုတ် စိုက်ထူခြင်းကို မေလ(၁၁)ရက်နေ့ နံနက်၉ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွမ်ပရာဘွမ်မြို့နယ်၌ အ.ထ.ကကျောင်းနှင့်မြို့နယ်ပညာရေးမှူးရုံးရှေ့တွင်ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ အခြေခံ ပညာအထက်တန်းကျောင်းနှင့် မြို့နယ်ပညာရေးမှူးရုံးရှေ့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံကြပါစို့ အထိမ်းအမှတ်ဆိုင်းဘုတ် စိုက်ထူခြင်းကို မေလ(၁၁)ရက်နေ့ နံနက်၉ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟိုပင်မြို့၌ မုန်တိုင်းဘေးအန္တရာယ်နှင့် မုန်တိုင်းသတိပေးချက် အသိပညာပေး နံရံကပ်စာစောင် ပြသ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမ၌ မုန်တိုင်းအန္တရာယ်နှင့် သတိပေးချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် ရည်ရွယ်၍ မုန်တိုင်းဘေးအန္တရာယ်နှင့် မုန်တိုင်းသတိပေးချက်များကို ယနေ့မွန်းလွဲ (၁၂)နာရီက ပြသထားရှိခဲ့သည်။

မြစ်ကြီးနားမြို့၌ မုန်တိုင်းဘေးအန္တရာယ် မြန်ဆန်ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေး ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ အသင့်စုဖွဲ့ဆောင်ရွက်ထားရှိမှု၊ ကယ်ဆယ်ရေးပစ္စည်းများ စုဆောင်းသိုလှောင်ထားရှိမှုနှင့် ရေပြင်ကယ်ဆယ်ရေးဇာတ်တိုက် လေ့ကျင့်မှုများဆောင်ရွက်

ကချင်ပြည်နယ်အတွင်း မုန်တိုင်းအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရမည့် လုပ်ငန်းများ မြန်ဆန်ထိရောက်စွာ ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ အသင့်စုဖွဲ့ဆောင်ရွက်ထားရှိမှု၊ ကယ်ဆယ်ရေးပစ္စည်းများ စုဆောင်းသိုလောင် ထားရှိမှုနှင့် ရေပြင်ကယ်ဆယ်ရေးဇာတ်တိုက် လေ့ကျင့်မှုများကို ယနေ့ နံနက် ၈ နာရီက မြစ်ကြီးနားမြို့၌ ဆောင်ရွက်ခဲ့ကြသည်။

သဘာဝ​ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ညှိနှိုင်းအစည်းအဝေး ချီ​ဖွေမြို့နယ်၌ ကျင်းပ

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၌ ယမန်နေ့ နံနက် (၉)နာရီအချိန်တွင် သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မိုးကောင်းမြို့၌ မုန်တိုင်းအတွက် သတိပြုလိုက်နာရန်အချက်များ အသိပညာပေးနံရံကပ်ပြသထား

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက သတိပြုလိုက်နာရန် မုန်တိုင်းသတိပြု အသိပညာပေး နံရံကပ်စာစောင်ကို ယမန်နေ့ နေ့လယ်(၁၂)နာရီတွင် ပြသထားလျက်ရှိကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်