မိုးညှင်း မေ ၁၀
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ခရိုင်/မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုဝင် သားသမီးများ အား အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှု ဆင့်ပွားသင်တန်းကို ယနေ့ နံနက် (၁၀)နာရီက စုပေါင်းရုံး၌ ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် တက်ရောက်လာကြသူများမှ နမောတဿ သုံးကြိမ်ရွတ်ဖတ် ပူဇော်ကန်တော့ကြပြီး ခရိုင်အုပ်ချုပ် ရေးမှူး ဦးညီညီလွင်က အဖွင့်အမှာစကားပြောကြားရာတွင် မိမိဝန်ထမ်းများ၏ သားသမီးများအနေဖြင့် အခြေခံကိုယ်ကျင့် တရားကောင်းများ သိရှိလိုက်နာ ကျင့်သုံးတတ်စေရန် ရည်ရွယ်၍ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှု ဆင့်ပွားသင်တန်း ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ပြောကြားကာ သင်တန်းမှူး ဒေါ်တင်ဇာသန်းက သင်တန်းပို့ချမည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဗုဒ္ဓဘာသာယဉ်ကျေးမှု ဆင့်ပွားသင်တန်းသို့ တက်ရောက်လာကြသည့် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၂၁)ဦး အား ခရိုင်အုပ်ချုပ်ရေးမှူးက သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက အဟာရဒါနအနေဖြင့် ဖျော်ရည်နှင့်မုန့်များကို ပေးအပ်ပြီးနောက် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြကာ ထိုသင်တန်းကို မေလ (၁၀)ရက်မှ (၁၁)ရက်ထိ နှစ်ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေမိုးညှင်း