ဆွမ်ပရာဘွမ် မေ ၁၁
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင်သဘာဝဘေးအန္တရာယ်ဖြစ်နိုင်သည့် သစ်ပင်များအား ကြိုတင်ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၈ နာရီက အဆိုပါနေရာများ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့လုပ်ငန်းဆောင်ရွက်ရာတွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကဦးဆောင်လျက် ဌာနဆိုင်ရာဝန်ထမ်းများနှင့်ပူးပေါင်းကာ မြို့နယ်ရုံးအဆောက်အဦဝင်းများ၊ အခြေခံပညာစာသင်ကျောင်းဝင်းများ၊ ဘာသာရေးကျောင်းဝင်းများ၊ မြို့ပေါ်(၃)ရပ်ကွက်အတွင်းရှိ နေအိမ်များ၊ပြည်ထောင်စုလမ်းမဘေး၊ ဝဲ၊ယာများ၊လမ်းကြို၊ လမ်းကြားများ၌ သဘာဝဘေးအန္တရာယ်ဖြစ်နိုင်သည့် သစ်ပင်အကိုင်းအခက်လက်များအား ခုတ်ထွင်ရှင်းလင်းခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းဆောင်ရွက်ရာသို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်လျှပ်စစ်ဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဧပရယ်မိုး (ပြန်/ဆက်)