ပူတာအိုခရိုင်၌ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

ပူတာအို မေ ၁၁

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးခေါင်လန်ဒီးက အဂတိလိုက်စားမှုတိုက်ဖျက်ရေး၏ အနှစ်သာရသည် အများ ပြည်သူ၏ အကျိုးစီးပွားကို ကာကွယ်ပေးရန်နှင့် အဂတိကင်းစင်သည့် လူ့အဖွဲ့အစည်းဖြစ်စေရန် အခြေခံအကျဆုံးဖြစ်သည့် အသိပညာပေးရေးနှင့် တားဆီးကာကွယ်ရေး လုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ အလေးထားလုပ်ဆောင်သွားကြရန် လိုအပ်ပါ ကြောင်း၊ ၂၀၂၂-၂၀၂၅ အဂတိလိုက်စားမှု တိုက်ဖျက်ရေး မဟာဗျူဟာစီမံချက်တွင် တားဆီးကာကွယ်ခြင်း၊ အသိပညာ ပေးခြင်းနှင့် စုံစမ်းအရေးယူခြင်းဆိုသည့် လုပ်ငန်းစဉ်(၃)ရပ်ကို ဟန်ချက်ညီညီပေါင်းစပ် ဆောင်ရွက်ကြရန် ရေးဆွဲထားပါကြောင်း “အဂတိပယ် ခွာ ပြည်သာယာ” ဟူသည့် ဆောင်ပုဒ်နှင့်အညီ အဂတိ ကင်းစင်သည့် လူ့အဖွဲ့အစည်းဖြစ်စေရန် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူ့ဝန်ထမ်း များသာမက အများပြည်သူများနှင့်လည်း သက်ဆိုင်သည့်အတွက် အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်း လိုပါ ကြောင်း အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ ကချင်ပြည်နယ် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့၊ (CPU) အဖွဲ့ခေါင်းဆောင် ဦးနေထွန်းအောင်က အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စားမှုဖြစ်ပေါ် ရသောအကြောင်းအရင်းများ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုး များ၊ ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ပရိုဂျက်တာဖြင့် အသိပညာပေး ရှင်းလင်းဆွေးနွေးပြီး ကချင်ပြည်နယ် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ဝင် ပြည်နယ်ဉပဒေအရာရှိ ဦးကပ်တလွန်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဉပဒေနှင့် စပ်လျဉ်း၍ ပရိုဂျက်တာဖြင့် အသိပညာပေး ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကချင်ပြည်နယ် အဂတိလိုက်စားမှုတားဆီးကာ ကွယ်ရေးအဖွဲ့၊ (CPU) အဖွဲ့ခေါင်းဆောင်၊ ကချင်ပြည်နယ် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အဖွဲ့ဝင် ပြည်နယ်ဉပဒေအရာရှိ၊ ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် အဂတိ လိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ ခရိုင်/မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ ပရဟိတအသင်းအဖွဲ့များ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းများမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်း ဆောင်ရွက်ချက် များနှင့် စပ်လျဉ်း၍ Video Clip ကို ကြည့်ရှုအားပေးကြပြီး တက်ရောက်လာသူများအား အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိ ပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)