နေပြည်တော်ကောင်စီနယ်မြေ

ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူလက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူလက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနရုံးတွင် အခမဲ့ငှားရမ်းပေးခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဥတ္တရသီရိမြို့နယ်အတွင်း ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတက်ရောက်ပြီး မိုးစပါးအောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေအား ကြည့်ရှုအားပေး

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ဥတ္တရသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် သရက်တောကျေးရွာအုပ်စု၊ မသိမ်ကျေးရွာနှင့် ပိုးစာတော‌ကျေးရွာသို့ သွားရောက်ပြီး ၂၀၂၅ ခုနှစ်၊ မိုးရာသီတစ်အိမ်ထောင်လျှင် သစ်မာပင် ၂ဝ ပင် သစ်ပင်စိုက်ပျိုးပွဲများသို့ တက်ရောက်၍ ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့သည်။

တပ်ကုန်းမြို့နယ်၌ အသက်ငါးနှစ်အောက်ကလေးငယ်များအား အာဟာရအခြေအနေဆန်းစစ်၊ ကျန်းမာရေးစောင့်ရှောက်ခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်များ ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ အသက်ငါးနှစ်အောက်ကလေးငယ်များအား အာဟာရအခြေအနေဆန်းစစ်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ခြင်း၊ အသိပညာပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက   ဆရာစံရပ်ကွက်၊ မဟာဇနကပရိယတ္တိစာသင်တိုက်၊ မဟာဇနကဗိမာန်တွင် ဆောင်ရွက်ပေးခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မြို့‌တော်သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး၊ လယ်ယာမြေကို ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်းအသုံးပြုခြင်းများအား ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည်‌ တာဝန်ရှိသူများနှင့်အတူ  ယမန်နေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်၊ လေဆိပ်လမ်းနှင့် ရာဇသိင်္ဂဟလမ်းသို့ သွားရောက်ပြီး လမ်းဘေး/ဝဲယာနှင့် ကြာကန်ပတ်လည်သန့်ရှင်းသာယာလှစေရေး ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်‌ဆေးသည်။

တပ်ကုန်းမြို့နယ်၌ ကြံစိုက်ခင်းများအား ပျဉ်းမနားစိုက်ပျိုးရေးသုတေသန(ကြံခြံ)မှ ပညာရှင်များ ကွင်းဆင်းကြည့်ရှု

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ခုနှစ်၊ ကြံစိုက်ဧကပေါင်း ၈၉၄ ဧက စိုက်ပျိုးထားလျက်ရှိရာ ပျဉ်းမနားစိုက်ပျိုးရေး သုတေသန(ကြံခြံ)မှ ခြံတာဝန်ခံ ဒေါက်တာအိအိခိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဝန်ထမ်းပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းက ထုံးဘိုကျေးရွာ၊ ကွင်းအမှတ် (၁၃၇၂)၊ ကြံစိုက်ဧက ၁၀၀ ခန့်အား  ပိုးမွှားရောဂါကျရောက်မှု ရှိ/မရှိအခြေအနေများ  ကွင်းဆင်းပညာပေးဆောင်ရွက်ခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ အခြေခံပညာကျောင်းသားအားကစားပွဲတော်ဖွင့်ပွဲအခမ်းအနားတက်ရောက်၊ ပြည်သူများအား မျက်စိအထူးကုဆရာဝန်ကြီးများမှ အခမဲ့မျက်စိခွဲစိတ်ကုသမှုပေးနေမှုအား ကြည့်ရှုအားပေး

၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။

တပ်ကုန်းမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ဗိုလ်မင်းရောင်အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌမှ ဦးဆောင်ကျင်းပသည့်  လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၁၇ရက် မွန်းလွဲ ၁နာရီက အဆိုပါကျောင်းတွင် ကျင်းပခဲ့သည်။

လယ်ဝေးမြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် စက်တင်ဘာလ (၁၅) ရက်နေ့ နံနက်ပိုင်းက လယ်ဝေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲ ကျင်းပသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေး ကွင်းဆင်းကြည့်ရှု

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည်‌ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်၊ ရာဇသိင်္ဂဟလမ်းနှင့် လေဆိပ်လမ်းသို့ သွားရောက်ပြီး လမ်းဘေး/ဝဲယာနှင့် ကြာကန်ပတ်လည်သန့်ရှင်းသာယာလှစေရေး ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်‌ဆေးခဲ့သည်။

တပ်ကုန်းမြို့နယ်တွင် မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ရှားတောကျေးရွာအခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး မြစိုးကြီးကြပ်မှုဖြင့်  ရွှေမြို့နယ်မြေရဲစခန်းမှ  စခန်းမှူး ရဲအုပ် ထွန်းနိုင်ဝင်းဦးဆောင်၍ မှုခင်းကျဆင်းရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့  မွန်းလွဲ  ၂ နာရီက  အဆိုပါကျောင်း စာသင်ဆောင်တွင် ကျင်းပခဲ့သည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ