ပုဗ္ဗသီရိ စက်တင်ဘာ ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ အခွန်ဦးစီးဌာနမှူးရုံးအနေဖြင့် ပုဗ္ဗသီရိမြို့နယ်ရှိ လုပ်ငန်းရှင်များအား တည်ဆဲအခွန်ဆိုင်ရာဥပဒေများ၊ ပြေစာများအပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် စပ်လျဉ်းသည့် အခွန်ပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ပုဗ္ဗသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်ကြည်က အဖွင့်အမှာစကားပြောကြားပြီး သီရိငါးမြို့နယ် အခွန်ဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးလှငွေက အခွန်နှင့်ပတ်သက်၍ သိရှိရမည့်ကိစ္စရပ်များနှင့် လိုက်နာဆောင်ရွက်ရမည့် ဥပဒေများ၊ လုပ်ငန်းစဉ်နှင့် လုပ်ထုံးလုပ်နည်းများ၊ ပြေစာများအပေါ်တွင် အခွန်အမှတ် တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များအား ရှင်းလင်းဆွေးနွေးပြီး အဆိုပါ ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင် စုစုပေါင်း ၈၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)