တပ်ကုန်းမြို့နယ်တွင် မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

တပ်ကုန်း စက်တင်ဘာ ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ရှားတောကျေးရွာအခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး မြစိုးကြီးကြပ်မှုဖြင့်  ရွှေမြို့နယ်မြေရဲစခန်းမှ  စခန်းမှူး ရဲအုပ် ထွန်းနိုင်ဝင်းဦးဆောင်၍ မှုခင်းကျဆင်းရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့  မွန်းလွဲ  ၂ နာရီက  အဆိုပါကျောင်း စာသင်ဆောင်တွင် ကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ရွှေမြို့နယ်မြေရဲစခန်းမှ  စခန်းမှူး ရဲအုပ် ထွန်းနိုင်ဝင်းက အကြမ်းဖက်အဖွဲ့အစည်းများနှင့်ပါဝင်ပတ်သက်မှုမရှိစေရေး၊ အကြမ်းဖက်၊ ဆက်သွယ်ရေး၊ အီလက်ထရောနစ်ဥပဒေများ၊ ရာဇသတ်ကြီးဥပဒေနှင့်ပတ်သက်သည့် ပြစ်မှုပြစ်ဒဏ်များ၊ လူမှုကွန်ရက်အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းမှားများဖြန့်ဝေတင်ခြင်း၊ မဖွယ်မရာဖြန့်ဝေတင်ခြင်း၊ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုခြင်းများမဖြစ်ပေါ်စေရေး၊ အမျိုးသမီးငယ်များအကြမ်းဖက်မှုမခံရစေရေး၊ အမျိုးသမီးများအား အကာအကွယ်ပေးသည့် ရာဇသတ်ကြီးဥပဒေပုဒ်မများအား ရှင်းလင်းဟောပြောခဲ့ပြီးနောက် မှုခင်းကျဆင်းရေးအသိပညာပေးလက်ကမ်းစာစောင်များကို ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်