တပ်ကုန်း စက်တင်ဘာ ၁၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ခုနှစ်၊ ကြံစိုက်ဧကပေါင်း ၈၉၄ ဧက စိုက်ပျိုးထားလျက်ရှိရာ ပျဉ်းမနားစိုက်ပျိုးရေး သုတေသန(ကြံခြံ)မှ ခြံတာဝန်ခံ ဒေါက်တာအိအိခိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဝန်ထမ်းပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းက ထုံးဘိုကျေးရွာ၊ ကွင်းအမှတ် (၁၃၇၂)၊ ကြံစိုက်ဧက ၁၀၀ ခန့်အား ပိုးမွှားရောဂါကျရောက်မှု ရှိ/မရှိအခြေအနေများ ကွင်းဆင်းပညာပေးဆောင်ရွက်ခဲ့သည်။
ထိုသို့ ကြံစိုက်ခင်းများအား ကွင်းဆင်းပညာပေးဆောင်ရွက်ရာတွင် စီးပွားထိခိုက်မှုအဆင့် (Economic Threshold Level)အဆင့်ထိ ကျရောက်ခြင်းမရှိဘဲ ဖျက်ပိုးအနည်းငယ်သာတွေ့ရှိရသည့်အတွက် ကြံစိုက်ပျိုးသည့် တောင်သူများအား ကြံရွက်ချခြင်း၊ ပေါင်းရှင်းခြင်းလုပ်ငန်းများဆောင်ရွက်ရန်၊ သတ်မှတ်နှုန်းထားနှင့်အညီ ပိုးသတ်ဆေးစနစ်တကျ သုံးစွဲနိုင်ရေး ကွင်းဆင်းပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တင်စိုးလွင်