နေပြည်တော် စက်တင်ဘာ ၁၇
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်၊ ရာဇသိင်္ဂဟလမ်းနှင့် လေဆိပ်လမ်းသို့ သွားရောက်ပြီး လမ်းဘေး/ဝဲယာနှင့် ကြာကန်ပတ်လည်သန့်ရှင်းသာယာလှစေရေး ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက စိုက်ပျိုးထားရှိသည့် ပန်းအလှပင်များအား အပင်အောက်ခြေပတ်လည် မြက်ပင်၊ ပေါင်းပင်များကို စနစ်တကျရှင်းလင်းဆောင်ရွက်ရန်၊ လေဒဏ်၊ မိုးဒဏ်ခံနိုင်ရည်ရှိစေရန် ထောက်တိုင်စိုက်ခြင်း၊ လေကာခြင်းများကို ဆောင်ရွက်ရန်၊ လမ်းလယ်ကျွန်းများတွင် မြေယာရှုခင်းနှင့် ပန်းအလှပင်များ ထည့်သွင်းစိုက်ပျိုးရန်၊ Box Culvert များတွင် အမှိုက်များပိတ်ဆို့မှုမရှိစေရေး၊ လမ်းပခုံးသားများ သတ်မှတ်ချက်နှင့်အညီစနစ်တကျရှိစေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ဒက္ခိဏသီရိမြို့နယ်၊ ကန့်ကော်ဝိုင်းအနီး ရာဇသင်္ဂဟလမ်းနှင့် လယ်ဝေးမြို့နယ်၊ လေဆိပ်လမ်းတစ်လျှောက် သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လမ်းတစ်လျှောက်သန့်ရှင်းသာယာလှပစေရန် ပန်းအလှပင်များ အရိပ်ရအပင်များ စနစ်တကျစိုက်ပျိုးရန်၊ မြို့တော်အင်္ဂါရပ်နှင့်အညီ Green City၊ Clean City၊ Smart City ဖြစ်စေရေး၊ ငလျင်ဘေးကြောင့်ထိခိုက်ခဲ့သည့် လမ်းဘေးပလပ်ဖောင်းများ အချိန်မီပြန်လည်ပြုပြင်ရေး၊ ရေစီးရေလာကောင်းမွန်စေရန် လမ်းဘေးမြောင်းများအား အမှိုက်ပိတ်ဆို့မှုမရှိစေရေးနှင့် အမှိုက်များ စနစ်တကျစွန့်ပစ်ရေး မှာကြားခဲ့ကြောင်း သိရသည်။
အောင်သူရဦး(ဒက္ခိဏ)