နေပြည်တော်ကောင်စီနယ်မြေ

တပ်ကုန်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ စာဖတ်ဝါသနာပါသူများနှင့်အတူ စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပလျက်ရှိရာ စာရေးဆရာ ကပ္ပတိန်သာစိန် ရေးသားထားသည့် “ဘဝခရီးသွား လူငယ်များသို့ ”စာအုပ်ကို စက်တင်ဘာ ၂၀ ရက် မွန်းလွဲ ၂ နာရီက အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community  Centre) ခန်းမတွင် ကျင်းပသည်။

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများနှင့် အခြေခံ စားသောက်ကုန်များ သင့်တင့်သောဈေးနှုန်းဖြင့်ရောင်းချနေမှုများအား ကြည့်ရှုအားပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း အပတ်စဉ်စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်း လုပ်ငန်းများကို သက်ဆိုင်ရာမြို့နယ်များအလိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ နယ်မြေ(၁၁)၊ အမှတ်(၁၃၈)၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ စုပေါင်း သန့်ရှင်းရေးဆောင်ရွက်နေမှုကို နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး ရဲမိုး၊ ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးပြီး အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီနှင့် စားဖိုဆောင်သုံးပစ္စည်းများအား သင့်တင့်သောဈေးနှုန်းဖြင့်ရောင်းချပေးနေမှု အခြေ အနေများကို ကြည့်ရှုအားပေးခဲ့ကြသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာရောစပ်ကြဲပက်ခြင်းနှင့် တောင်သူတွေ့ဆုံပွဲတက်ရောက်

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင်အတူ လယ်ဝေးမြို့နယ်၊ ဝက္ကမူကျေးရွာ၌ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ (၁:၃) ရောစပ်ကြဲပက်ခြင်းနှင့် တောင်သူတွေ့ဆုံပွဲအခမ်းအနားကို တက်ရောက်ခဲ့သည်။

ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောခြင်းနှင့် အားကစားပစ္စည်းထောက်ပံ့လှူဒါန်းပွဲ အခမ်းအနားကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁၄၀) အခြေခံပညာ မူလတန်းလွန်ကျောင်း၌ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောခြင်းနှင့် အားကစားပစ္စည်းထောက်ပံ့လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ပြပွဲများကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁၄၀) အခြေခံပညာမူလတန်းလွန်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ပြပွဲများကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင် ဦးမင်းဦး ပုဗ္ဗသီရိမြို့နယ်အတွင်း သစ်ပင်စိုက်ပျိုးမည့်မြေနေရာများအား ကွင်းဆင်းကြည့်ရှု

နေပြည်တော်ကောင်စီဝင် ဦးမင်းဦးသည် ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာကျေးရွာအုပ်စု၊ ပင်လောင်းလမ်းမကြီးဘေး၊ အေးမြင့်သာယာတံတားအနီးရှိ  သစ်ပင်စိုက်ပျိုးမည့်မြေနေရာအား ကွင်းဆင်းကြည့်ရှုခဲ့သည်။

ဥတ္တရသီရိမြို့နယ်အတွင်းရှိ သမဝါယမအသင်းသားတောင်သူများ၏ မိုးစပါးစိုက်ပျိုးဆောင်ရွက်မှုများအား ကွင်းဆင်းကြည့်ရှု

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဆုယဉ်မြင့်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၈ နာရီအချိန်တွင် ဥတ္တရသီရိမြို့နယ်၊ ဝက်စုကျေးရွာ၊ ဝက်စုလယ်ယာစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းသား ဒေါ်မာလွင်၏ မိုးစပါးစိုက်ဧက(၃)ဧကတွင် ထိုင်းနှံကောက်မျိုးစပါး စိုက်ပျိုးထားရှိမှုနှင့် ကောက်ပင်ကြဲသည့်နေရာများတွင် ပြန်လည်စိုက်ပျိုးနေမှုများကိုလည်းကောင်း၊ မင်းကုန်းကျေးရွာ၊ မင်းကုန်းစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမ အသင်းသား ဦးအောင်မြင့်သန်း၏ အောင်နိုင်တိုး စပါးမျိုးစိုက်ခင်းတွင် အသီးအားတိုးဆေးများ ပက်ဖြန်းနေမှုများကိုလည်းကောင်း ကွင်းဆင်းကြည့်ရှုခဲ့သည်။

ဒက္ခိဏခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လူငယ်ရေးရာအသိပညာပေးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ကျောင်းသား၊ ကျောင်းသူလူငယ်များအား လူကုန်ကူးမှုအန္တရာယ်မှကာကွယ်နိုင်‌စေရန် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ကျင်းပရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ အမျိုးသားစာပေဆုရှင် ဒေါက်တာအောင်စိုး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုနှင့် တာဝန်ရှိသူများ၊ နေပြည်တော် စာပေဝိုင်းမှ စာရေးဆရာများ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။

ဒက္ခိဏခရိုင် ပြည်သူ့စာကြည့်တိုက်၌ လူငယ်စာဖတ်ဝိုင်း ကျင်းပ

လူငယ်များအနေဖြင့် စာဖတ်ခြင်းကို နေ့စဉ်ဘဝ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ထည့်သွင်းလာစေရန်၊ စာအုပ်၊ စာပေများနှင့် ရင်းနှီးလာစေရန်နှင့် စာဖတ်ခြင်းမှတစ်ဆင့် ပျော်ရွှင်မှုနှင့် အသိပညာများကိုရရှိစေရန်ရည်ရွယ်ကျင်းပသည့် လူငယ်စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲပိုင်းတွင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ကျင်းပရာ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ အမျိုးသားစာပေဆုရှင် ဒေါက်တာဦးအောင်စိုး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုနှင့် တာဝန်ရှိသူများ၊ နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာများဖြစ်သည့် ‌ဆရာ သဘာဝ၊ ဆရာ အိုင်ပီ-မျိုးအောင်၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ