တပ်ကုန်းမြို့နယ်၌ အသက်ငါးနှစ်အောက်ကလေးငယ်များအား အာဟာရအခြေအနေဆန်းစစ်၊ ကျန်းမာရေးစောင့်ရှောက်ခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်များ ဆောင်ရွက်

တပ်ကုန်း စက်တင်ဘာ ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ အသက်ငါးနှစ်အောက်ကလေးငယ်များအား အာဟာရအခြေအနေဆန်းစစ်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ခြင်း၊ အသိပညာပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက   ဆရာစံရပ်ကွက်၊ မဟာဇနကပရိယတ္တိစာသင်တိုက်၊ မဟာဇနကဗိမာန်တွင် ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွန်ကြားရေးမှူး ဒေါက်တာအေးမြမြကျော် ကြီးကြပ်ကာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး  ဒေါက်တာညွန့်ရွှေအောင် ဦးဆောင်၍  ဦးစီးအရာရှိ ဦးရီထွေးနှင့်ကျန်းမာရေးဝန်ထမ်းများက အသက်ငါးနှစ်အောက်ကလေးများ၏ လက်မောင်းလုံးပတ်တိုင်းခြင်း၊ ကိုယ်အလေးချိန်ချိန်ခြင်း၊ အရပ်တိုင်းတာခြင်း၊ အဟာရအခြေအနေများ ဆန်းစစ်ခြင်းနှင့် လိုအပ်‌‌သော စောင့်ရှောက်မှုများပေးခြင်း၊  အာဟာရမှုန့်၊ ပဲနှင့် အိုင်အိုဒင်းဆားများပေးအပ်ခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းတို့ကို ဆရာစံရပ်ကွက်အပါဝင် ဆင်သေ၊ ရွေးစု၊ ရှောက်ကုန်း၊ ကြက်သွန်ခင်း၊ ကြိုးကြာအင်း၊ မြောက်မြိုက်၊ အင်ဘက်ကုန်း၊ ဂွေးပင်၊ လက်ပန်၊ သပြေကုန်း၊ ထုံးဖို၊ အိုင့်ကျယ်၊ စိန်ပန်းပင်ကျေးရွာများအား ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

တင်စိုးလွင်