ဒက္ခိဏသီရိမြို့နယ်၌ မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် စမ်းသပ်မဲပေးခြင်းဆောင်ရွက်မှုအခမ်းအနား ကျင်းပ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ကြာပင်ကျေးရွာအုပ်စု၊ ထန်းတပင်ကျေးရွာ SMU ခန်းမ၌ ဒက္ခိဏသီရိမြို့နယ်ရှိ မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် စမ်းသပ်မဲပေးခြင်းဆောင်ရွက်မှုအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးမင်းထက်အောင်၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးဝင်းမြင့်နှင့်အဖွဲ့၊ မြို့နယ်ထွေအုပ်မှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကြည်၊ မြို့နယ်လဝကမှူး ဦးသန်းဇော်အောင်၊ ကြာပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကြာပင်ကျေးရွာအုပ်စုနေ ပြည်သူများ ၃၀၀ဦးခန့် တက်ရောက်ခဲ့သည်။