တပ်ကုန်း စက်တင်ဘာ ၂၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးမှ ဦးစီးအရာရှိ ဦးထွန်းထွန်းမင်းကြီးကြပ်ပြီး လက်ထောက်မြို့နယ်ဦးစီးမှူးဦးဆောင်၍ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား (Biometric)အချက်အလက်ကောက်ယူခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောက်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မြို့နယ်မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာများ လာရောက်ထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်း(ငြိမ်းစား)များအား အဆင်ပြေထုတ်ယူနိုင်စေရန် အထူးအစီအစဉ်အနေဖြင့် လစဉ် ၂၁ ရက်မှစတင်ကာ ပင်စင်လာထုတ်ယူသည့်နေ့တိုင်း မြို့နယ်အတွင်း ပင်စင်ထုတ်ယူသူများအား Biometric ကောက်ယူခြင်း၊ Smart Card များ ပြုလုပ်နိုင်ရေးဆောင်ရွက်ပေးခြင်းနှင့် UID နံပါတ်များ ထုတ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
တင်စိုးလွင်