နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ် ဂုဏဝိသိဋ္ဌပူဇာနှင့် (၄၅) ကြိမ်မြောက် မဟာ/စူဠဘွဲ့နှင်းသဘင်အခမ်းအနား တက်ရောက်   

တပ်ကုန်း စက်တင်ဘာ ၂၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် ဂုဏဝိသိဋ္ဌပူဇာနှင့် (၄၅)ကြိမ်မြောက် မဟာ/စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို စက်တင်ဘာ ၂၁ရက် မွန်းလွဲ ၁နာရီက မြို့နယ်အောင်ဆန်းခန်းမတွင် မြို့နယ်သူ၊ မြို့နယ်သားများ ထပ်ဆင့်ပူဇော်ပွဲကျင်းပခဲ့ရာ မြို့နယ်ဩဝါဒါစရိယဆရာတော်၊ မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော်၊ အထူးကြီးကြပ်ရေးအဖွဲ့ဆရာတော်၊ ကြီးကြပ်ရေးအဖွဲ့ဆရာတော်၊ ပင့်သံဃာဆရာတော်များနှင့် ၂၀၂၅ခုနှစ် လွတ်လပ်ရေးနေ့တွင် အစိုးရမှ ဘွဲ့တံဆိပ်ဆက်ကပ်ခြင်းခံရသော ဆရာတော်ငါးပါး၊ သီလရှင်တစ်ပါး၊ ဓမ္မာစရိယစာမေးပွဲတွင် စာအောင်သံဃာတော်လေးပါး၊ ပါဠိ ပထမပြန်စာမေးပွဲတွင် စာအောင်သံဃာတော် ၁၅ပါး၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်သူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့ပေါ်ခြောက်ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ဥပတ္ထမ္ဘကအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်နှင့်အဖွဲ့ဝင်များ၊ ဒကာ၊ ဒကာမများ တက်ရောက်ခဲ့သည်။

အခမ်းအနားကို နမောတဿ ၃ ကြိမ်ရွတ်ဆို ဖွင့်လှစ်ပြီး၊ မြို့နယ်ဩဝါဒစရိယဆရာတော် ဘဒ္ဒန္တ စန္ဒသိရီက သာရဏီရ ဩဝါဒကထာမြွတ်ကြားခြင်း၊ ဘွဲ့တံဆိပ်တော်ရဆရာတော်ငါးပါးနှင့် သီလ ရှင်ဆရာကြီးတစ်ပါးတို့၏ ကိုယ်ရေးထေရုပ္ပတ္တိများအား ဆရာတော်များနှင့်လူပုဂ္ဂိုလ်တို့က အသီးသီးဖတ်ကြားပူဇော်ခဲ့ပြီးနောက် အနော်ရထာရပ်ကွက်၊ မြို့ရှေ့စန္ဒာရုံကျောင်းတိုက်ပဓာနနာယက၊ သက်တော်ရှည်ဆရာတော် ဘဒ္ဒန္တစန္ဒသိရီထံမှ ငါးပါသီလခံယူခဲ့ပြီး ဆရာတော်၊ သံဃာတော်များက ဘဝတုမင်္ဂလာ(၃)ဂါထာနှင့်သဗ္ဗတိယော(၂)ဂါထာရွတ်ပွားချီးမြှင့်ခဲ့ပြီး နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက သာသနာရေးဆိုင်ရာများ လျှောက်တင်ခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့ပေါ်ခြောက်ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ဥပတ္ထမ္ဘကအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဒကာ၊ ဒကာမများက ဩဝါဒ စရိယဆရာတော်များ၊ ဘွဲ့ရဆရာတော်များနှင့်သီလရှင်ဆရာကြီး၊ ဓမ္မာစရိယနှင့်ပါဠိပထမပြန် စာအောင်သံဃာတော်များ၊ စာမေးပွဲကြီးကြပ်ရေးဆရာတော်များအား ဘွဲ့တံဆိပ်တော်နှင့် လှူ ဖွယ်ပစ္စည်းများ၊ စာအောင်ဆုငွေများ ဆက်ကပ်လှူဒါန်းပြီး  ဆရာစံရပ်ကွက်၊ ဘုရားနီကျောင်း တိုက်၊ နေပြည်တော်တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသီရိ ဆရာတော်က လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

တင်စိုးလွင်