တပ်ကုန်းမြို့၌ မြို့နယ်လုံးဆိုင်ရာ (၅၅)နှစ်မြောက် မဟာဘုံကထိန်ပွဲတော်ကြီးအား စည်ကားသိုက်မြိုက်စွာကျင်းပမည်  

တပ်ကုန်း စက်တင်ဘာ ၂၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်၊ မြို့နယ်လုံးဆိုင်ရာ (၅၅)နှစ်မြောက် မဟာဘုံကထိန်ပွဲတော်ကြီးအား စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၁၉ ရက် မွန်းလွဲ ၄နာရီက မြို့နယ်အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူက အဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးဝင်းထွဋ်အောင်က ပွဲတော်ကျင်းပမည့်အစီအစဉ်များ ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသည့် မဟာဘုံကထိန် ကျင်းပရေးဆပ်ကော်မတီ အသီးသီးကဆောင်ရွက်မည့်လုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြခဲ့သည်။ တပ်ကုန်းမြို့နယ် မြို့နယ်လုံးဆိုင်ရာ (၅၅)နှစ်မြောက် မဟာဘုံကထိန်ပွဲတော်ကြီးတွင် လှူဖွယ် ပစ္စည်း ပဒေသာပင်အလှများကို  ငါးရက်၊ ငါးညတိုင်တိုင် ပြသထားရှိပြီး၊ လူသုံးကုန်ပစ္စည်း၊ တောင်သူသုံးပစ္စည်း၊ မီးဖိုချောင်သုံးပစ္စည်းဈေးဆိုင်ခန်းများ၊  အပျော်တမ်းစီး ချား၊ ရဟတ်များ၊ ဇာတ်သဘင်ပွဲများ၊ ဖျော်ဖြေရေး စတိတ်ရှိုးလှည့်ကားယာဉ်များနှင့် လှည်းယဉ်ကြောပြိုင်ပွဲများ၊ အလှမီးပုံးပျံလွှတ်တင်ခြင်းများပါဝင်ကာ စည်းကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

တင်စိုးလွင်