နေပြည်တာ်ကောင်စီဝင် ဦးမြင့်စိုး ပျဉ်းမနားလိဂ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

နေပြည်တော် စက်တင်ဘာ ၂၂

၂၀၂၄-၂၀၂၅ ခုနှစ်၊ ပျဉ်းမနားလိဂ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပျဉ်မနားမြို့ ပေါင်းလောင်းအားကစားကွင်း၌ကျင်းပရာ နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနေမျိုးလွင်နှင့် တာဝန်ရှိသူများ၊ နေပြည်တော်တိုင်းဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးလှမြင့်၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။

ရှေးဦးစွာ နေပြည်တော် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ခုနှစ်၊ ပျဉ်းမနားလိဂ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ဖြစ်သည့် သက်ကြီး FC အသင်းနှင့် VUE FC အသင်းတို့ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ နေပြည်တော် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက ပထမဆုရရှိသည့် သက်ကြီး FC အသင်းအားတစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် တံခွန်စိုက်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ပြီး ဒုတိယဆုရရှိသည့် နေပြည်တော်ဂန်းနား FC အသင်းအား ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနေမျိုးလွင်က တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ တတိယဆုရရှိသည့် ပေါင်းလောင်း FC အသင်းအား ပြည်ထောင်စုနယ်မြေ နေပြည်တော်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးလှမြင့်က တစ်ဦးချင်း ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ နေရာအလိုက် အကောင်းဆုံးအားကစားသမားဆုများနှင့် ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးအားကစားသမားဆုများကို သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ဟိန်းခန့်ဇော်(ပြန်/ဆက်)