တပ်ကုန်း စက်တင်ဘာ ၂၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးအနေဖြင့် မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များ ပြေစာများအပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းနှင့် စပ်လျဉ်းသည့် အခွန်ပညာပေးရှင်းလင်းဆွေးနွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အခွန်ဦးစီးမှူးရုံးတွင် ကျင်းပသည်။
အဆိုပါပညာပေးဆွေးနွေးရာတွင် မြို့နယ်အခွန်ဦးစီးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းဆိုင်ဟိန်းက အခွန်နှင့်ပတ်သက်၍ သိရှိရမည့်ကိစ္စရပ်များနှင့် လိုက်နာဆောင်ရွက်ရမည့်ဥပဒေများ၊ လုပ်ငန်းစဉ်နှင့် လုပ်ထုံးလုပ်နည်းများ၊ ပြေစာများအပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာသော လုပ်ငန်းရှင်များက သိရှိလိုသည်များ မေးမြန်းခဲ့ကြရာ ဦးစီးအရာရှိက ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်