နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး သစ်ပင်စိုက်ပျိုးပွဲအခမ်းအနား တက်ရောက်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ်၊ ခေတ်အေးကျေးရွာသို့ ရောက်ရှိပြီး ၂၀၂၅ ခုနှစ် မိုးရာသီ တစ်အိမ်ထောင် သစ်မာပင် ၂၀ ပင် သစ်ပင် စိုက်ပျိုးပွဲအခမ်းအနားသို့ တက်ရောက်ကြကြောင်း သိရသည်။