နေပြည်တော်ကောင်စီနယ်မြေ

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲ အခမ်းအနား တက်ရောက်

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်း၍ ကျင်းပသည့် မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ် ၂ဝ၂၅ တက်ရောက်ခဲ့သည့် နေပြည်တော် လူငယ်ကိုယ်စားလှယ်များမှ ဆွေးနွေးပွဲအတွေ့အကြုံများအား ပြန်လည်ဝေမျှခြင်း စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက Naypyitaw State Polytechnic University (NSPU)၌ ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ နေပြည်တော် ကောင်စီဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များနှင့် ဒုတိယပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာများ၊ တက္ကသိုလ်အသီးသီးနှင့် အခြေခံပညာကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။

လယ်ဝေးမြို့နယ်၌ ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေး

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သီရိမင်္ဂလာခန်းမတွင် ယမန်နေ့နံနက် ၉ နာရီက ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့သည်။

ပျဉ်းမနားမြို့နယ်၌ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွား ၉၄၁ ဦးအား လူမှုရေးပင်စင် ထောက်ပံ့ငွေ များပေးအပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ ထောက်ပံ့ပေးအပ်လျက်ရှိသည်။

ပုဗ္ဗသီရိမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ လူငယ်စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Youth Club) ပညာရေးဌာနတို့နှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့သည်။

ဇမ္ဗူသီရိမြို့နယ်၌ ဗုဒ္ဓဘာသာဆိုင်ရာ စာအုပ်များ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော် သာသနာရေးမှူးရုံး၌ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်နေ ထုတ်ဝေသူ အမျိုးသားစာပေဆုရ စာရေးဆရာ အောင်စိုးက ဗုဒ္ဓဘာသာ သာသနာတော်ထွန်းကားပြန့်ပွားစေရန် ရည်ရွယ်၍ ဗုဒ္ဓဘာသာဆိုင်ရာ စာအုပ်များ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇေယျာသီရိမြို့နယ်၌ လူငယ်နှင့်စာဖတ်ခြင်း အသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်နှင့်စာဖတ်ခြင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ကျွန်းရောင်းကျေးရွာအုပ်စု၊ ကြို့ပင်ဆိပ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျင်းပခဲ့သည်။

ပုဗ္ဗသီရိမြို့နယ်တွင် ငလျင်ဘေးသင့်ပြည်သူများအား နီပွန်ဖောင်ဒေးရှင်းမှ ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်း ငလျင်ဘေးဒဏ်သင့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်က ပုဗ္ဗသီရိမြို့နယ် စုပေါင်းရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်၊ အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် နေပြည်တော်အတွင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် စက်တင်ဘာလ ၉ ရက်နေ့ ညနေပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ အကွက်အမှတ်(၈-က)သို့သွားရောက်ပြီး (၆၀၀) စတုရန်းပေရှိသော (၄) ခန်းတွဲ၊ (၄) ထပ် အမှုထမ်းအိမ်ရာများ အသစ်ဆောက်လုပ်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများအပိုင်းလိုက် အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ ငလျင်အပါအဝင် သဘာဝဘေးအန္တရာယ်ထိခိုက်မှုမရှိအောင် သတ်မှတ်စံချိန်၊ စံညွှန်းနှင့်အညီ ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မူလတန်းကြိုကျောင်းများ ထူထောင်ခွင့်ပြုမိန့် သက်တမ်းတိုးမြှင့်ခွင့်ရရှိရေး ကွင်းဆင်းစစ်ဆေး

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ TD ပုဂ္ဂလိကမူကြိုကျောင်း၊ ကြယ်ဥယျာဥ်မူကြို‌ကျောင်းနှင့် ယမန်နေ့မွန်းလွဲပိုင်းတွင် လယ်ဝေးမြို့နယ်အတွင်းရှိ Full Moon Private Schoolနှင့် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ Pioneer Advanced Preschool စသည့် မူလတန်းကြိုကျောင်းများ တည်ထောင်ခွင့်ပြုမိန့် ဒုတိယအကြိမ် သက်တမ်းတိုးမြှင့်ခွင့်ရရှိနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်ဘေးပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး ကွင်းဆင်းစစ်ဆေး၊ နေပြည်တော်လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁)သို့ သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအား ပြန်လည်ပြုပြင်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများအပိုင်းလိုက် အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ အရည်အသွေးပြည့်မီသည့်ပစ္စည်းများကိုသာ လုပ်ငန်းခွင်တွင်အသုံးပြုရေး၊ အချိန်မီပြီးစီး‌‌ရေးအတွက် လုပ်သားအင်အားတိုးမြှင့် ဆောင်ရွက်ရေးနှင့် လိုအပ်သည်များမှာကြားသည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ