နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေး ကွင်းဆင်းကြည့်ရှု
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်၊ ရာဇသိင်္ဂဟလမ်းနှင့် လေဆိပ်လမ်းသို့ သွားရောက်ပြီး လမ်းဘေး/ဝဲယာနှင့် ကြာကန်ပတ်လည်သန့်ရှင်းသာယာလှစေရေး ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။