ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မဲစာရင်းများပြည့်စုံမှန်ကန်ရေးနှင့် မဲပေးပိုင်ခွင့် ရှိသူများအားလုံး မဲစာရင်းတွင်ပါဝင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၁၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မဲစာရင်းများပြည့်စုံမှန်ကန်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများအားလုံး မဲစာရင်းတွင်ပါဝင်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးတိုးဝင်း၊ ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးများနှင့် ဝန်ထမ်းများတက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးတိုးဝင်းက ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲစာရင်းများ မှန်ကန်စေရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အခြေခံမဲစာရင်းတွင် ပါဝင်ရမည့်လူဦးရေစာရင်းများပြည့်စုံမှန်ကန်စေရေး၊ မြေပြင်နေထိုင်မှုရှိ/မရှိစစ်ဆေးခြင်း၊ ဒုတိယအကြိမ်မဲစာရင်းများမကြေညာမီ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ မဲစာရင်းများစိစစ်ဆောင်ရွက်နိုင်ရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ပါတီကိုယ်စားလှယ်များပါဝင်သောအဖွဲ့ ဖွဲ့စည်း၍ စနစ်တကျဆောင်ရွက်ကြရမည်ဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာမြို့နယ်များအလိုက် မဲစာရင်းများပြည့်စုံမှန်ကန်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများအားလုံး မဲစာရင်းတွင်ပါဝင်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြကြရာ နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးတိုးဝင်းက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)