တပ်ကုန်းမြို့နယ်၌ မန္တလေးမြေငလျင်လှုတ်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီး ပြန်လည်တည်ဆောက်ရေးညှိနှိုင်းအစည်းအဝေး ကျင်းပ

တပ်ကုန်း နိုဝင်ဘာ ၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် မန္တလေးမြေငလျင်လှုတ်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၈ ရက် ၃ နာရီခွဲက အဆိုပါ ဗိမာန်နားနေဆောင်တွင် ကျင်းပခဲ့သည်။

ဦးစွာ ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီး ပြန်လည်တည်ဆောက်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးလူက ဗိမာန်တော်ကြီးတည်ဆောက်မည့်မြေနေရာ မြေသန့်စင်မင်္ဂလာပြုလုပ်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ပြီးနောက် ပြန်လည်တည်ဆောက်ရေးကော်မတီဝင် ဦးဇော်မင်းထွန်းက အလုပ်သမားကန်ဒရိုက်စနစ်တည်ဆောက်ရေး၊ တည်ဆောက်ရေးလုပ်ငန်းတွင် ကြီးကြပ်အဖွဲ့ဖွဲ့စည်းရေး၊ စစ်ဆေးရေးအပိုင်းတွင် စစ်ဆေးရေးအဖွဲ့စည်းရေးနှင့်ပတ်သက်သည့် အကြောင်းအရာများ ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တက်ရောက်လာသည့်လုပ်ငန်းကော်မတီအဖွဲ့ဝင်များက ဘိလပ်မြေ၊ သံချောင်းများကို ကုမ္ပဏီမှ တိုက်ရိုက်ဝယ်ယူရေးရှင်းလင်းတင်ပြခဲ့ပြီးနောက် ပြန်လည်တည်ဆောက်ရေးကော်မတီဥက္ကဋ္ဌက တင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဗိမာန်တော်ကြီး တည်ဆောက်မည့်မြေနေရာတွင် မြေသန့်စင်မင်္ဂလာတော်ကို နိုဝင်ဘာ ၃၀ ရက်နေ့တွင် ကျင်းပဆောင်ရွက်ရေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

တင်စိုးလွင်