တပ်ကုန်း နိုဝင်ဘာ ၁၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဆေးသုတေသနဦးစီးဌာနမှ အသက် ၁၃ နှစ်မှ ၁၇ နှစ် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးသုတေသနပြုစုဆောင်ရွက်ခြင်းကို ယမန်နေ့က အဆိုပါကျောင်းတွင် ကျန်းမာရေးသုတေသနာပြုစစ်ဆေးဆောင်ရွက်ခဲ့သည်။
အဆိုပါလုပ်ငန်းတွင် ဆေးသုတေသနဦးစီးဌာနမှ ဒေါက်တာအေးမင်းမော် ဦးဆောင်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာလင်းထက်အောင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာညွန့်ရွှေအောင်၊ ဦးစီးအရာရှိ ဦးရီထွေးနှင့် ကျန်းမာရေးဆရာ၊ ဆရာမများက School based Adolescent Health Survey အသိပေးဆွေးနွေးခဲ့ပြီးနောက် Grade-9 ကျောင်းသား၊ ကျောင်းသူ ၄၀ ဦးအား သွေးစစ်ခြင်း၊ အရပ်တိုင်းတာခြင်း၊ ကိုယ်အလေးချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ကျန်းမာရေးမေးခွန်းများ မေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ပြီး လိုအပ်သည့် ကျန်းမာရေးဆိုင်ရာများကို ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်