ဥတ္တရသီရိမြို့နယ်အတွင်း မိုးစပါးအပြီး ဆောင်းသီးနှံရာနှုန်းပြည့် စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲ ကျင်းပ

ဥတ္တရသီရိ နိုဝင်ဘာ ၁၀

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၏ စီစဉ်ကြီးကြပ်မှုဖြင့်  နေပြည်တော်၊  ဥတ္တရသီရိမြို့နယ်အတွင်း မိုးစပါးအပြီး ဆောင်းသီးနှံရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေးနှင့်  ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကို ယ‌မန်နေ့နံနက်ပိုင်းက တောင်ညိုကျေးရွာအုပ်စု၊ မရမ်းခုံကျေးရွာ စိုက်ပျိုး စီးပွားအသိပညာပေးစင်တာ၌ကျင်းပရာ စိုက်ပျိုးရေးနှင့်သု‌တေသနဦးစီးဌာန(ရေဆင်း)မှ ဘာသာရပ်ဆိုင်ရာပညာရှင်များ၊ နေပြည်တော်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဦးစိုးနိုင်၊ ဥတ္တရခရိုင် စိုက်ပျိုး‌ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင့်နိုင်ဝင်း၊  မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်သိန်း၊ မြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးနိုင်နှင့် ဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ခဲ့သည်။

ဦးစွာ နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဦးစိုးနိုင်နှင့် ဥတ္တရခရိုင် စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးတင့်နိုင်ဝင်းတို့က နည်းပညာပေး ဆွေးနွေးပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအားရှင်းလင်းပြောကြားပြီး သက်ဆိုင်ရာ ဘာသာရပ်ဆိုင်ရာ ပညာရှင်များဖြစ်ကြသည့် သုတေသနမှူး  ဒေါက်တာဝင်းသီတာဦးနှင့်အဖွဲ့များက မိုးစံပါးအပြီး ဆောင်းသီးနှံများ ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး၊  တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်သော သီးနှံပုံစံများ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ မျိုးကောင်း မျိုးသန့်များ‌ စိုက်ပျိုးရေး၊ မြေဆီလွှာစီမံခန့်ခွဲရေး၊ သဘာဝမြေဩဇာကို တောင်သူများကိုယ်တိုင်ပြုလုပ်သုံးစွဲရေးနှင့် ဓာတ်မြေဩဇာများအကျိုးရှိစွာ အသုံးပြုရေး၊ သီးနှံဖျက်ပိုးများအား ဘက်စုံကာကွယ်ရေးနည်းလမ်းများအသုံးပြု၍ ကာကွယ်နှိမ်နင်းရေး၊ ပိုးသတ်ဆေးများအား စနစ်တကျသုံးစွဲရေးတို့ကို နည်းပညာပေးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော တောင်သူများမှ သိရှိလိုသည့် မေးမြန်ချက်များအား တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ပြန်လည်ဖြေကြား ပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ဥတ္တရ)