နေပြည်တော်ကောင်စီနယ်မြေ

ပုဗ္ဗသီရိမြို့နယ်တွင် နေကြာပန်းစိုက်ပျိုးခြင်းလုပ်ငန်း အောင်မြင်ဖြစ်ထွန်းလျက်ရှိ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် သဲကုန်းကျေးရွာအုပ်စုတွင် နေကြာပန်းများ စိုက်ပျိုးခြင်းလုပ်ငန်း အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

လယ်ဝေးမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် ခွေးရူး‌ရောဂါကာကွယ်ဆေးများ ထိုးနှံ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရပ်ကွက်၊ ကျေးရွာများအတွင်း‌ ဖေဖော်ဝါရီ ၂၄ ရက်မှစ၍ ခွေးရူးရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကားလမ်းနယ်နိမိတ်များ၊ မီးရထားလမ်းနယ်နိမိတ်များ၊ ရထားလမ်းဖြတ်ကူးဂိတ်များ၊ လမ်းညွှန်း၊ လမ်းအမှတ်အသားများ စနစ်တကျရှိစေရေးနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ကော်မတီဝင်၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

ဥတ္တရသီရိမြို့နယ်၌ ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းလုပ်ငန်းများ ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် မွေးမြူထားသော အိမ်မွေးခွေးများအား ခွေးရူးရောဂါကြိုတင်ကာကွယ်ဆေးကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လိုက်လံထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဥတ္တရသီရိမြို့နယ်၌ အသက် (၂) လနှင့် (၅၉) လ ကလေးများအား ပိုလီယိုရောဂါကာကွယ်ဆေး (အစက်ချဆေး) တိုက်ကျွေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် ပြည့်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက် (၂) လမှ (၅၉) လ ကလေးများအား ပိုလီယိုရောဂါကာကွယ်ဆေး (အစက်ချဆေး) တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်းဦးစီးဌာနပိုင် မူကြိုကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပျဉ်းမနားမြို့ လူထုအခြေပြုဗဟိုဌာန၌ မြန်မာ့ရိုးရာသနပ်ခါးသဘင် ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အတွက် အထောက်အကူဖြစ်စေရေးနှင့် မြန့်မာ့ရိုးရာသနပ်ခါးကို တန်ဖိုးထားမြတ်နိုးတတ်စေရေးအတွက် မြန်မာ့သနပ်ခါးသဘင်ကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ၊ စာအုပ်လှူဒါန်းပွဲနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ စာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲနှင့် စာအုပ်လှူဒါန်းပွဲ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း ကံကြီးမွေးမြူရေးဇုန်ဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းဖွံ့ဖြိုးရေးအတွက် လုပ်ငန်းရှင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံ

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ ကံကြီးကျေးရွာအုပ်စု၊ ကံကြီးမွေးမြူရေးဇုန် ပိုမိုဖွံ့ဖြိုးလာစေရန် မွေးမြူရေးလုပ်ငန်းရှင်များအား တွေ့ဆုံခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဦးတွမ်ခင်ဝင်း၊ FUN HWA နို့စားနွားမွေးမြူရေးခြံ အစည်းအဝေးခန်းမတွင် တွေ့ဆုံခဲ့ရာ ဥတ္တရခရိုင်အုပ်ချုပ်ရေးမှူး ဦးမြတ်အောင်ဌေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မွေးမြူရေးလုပ်ငန်းရှင် ၂၀ ဦး တက်ရောက်ခဲ့သည်။

လယ်ဝေးမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club နှင့် စာပေဝါသနာရှင်လူငယ်များ စာဖတ်ဝိုင်းကျင်းပ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club နှင့် စာပေဝါသနာရှင်များ၏ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပသည်။

ပျဉ်းမနားမြို့နယ်၌ ခွေးရူးရောဂါကာကွယ်ဆေး(အခမဲ့)ထိုးနှံပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာနှင့် ဘုန်းတော်ကြီးကျောင်းများမှ အိမ်မွေးခွေးနှင့် ကြောင်များအား ခွေးရူးရောဂါကာကွယ်ဆေး(အခမဲ့) ထိုးနှံပေးခြင်းကို ပျဉ်းမနားမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရပ်ကွက်ကျေးရွာများသို့ သွားရောက်ထိုးနှံပေးလျက်ရှိသည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ