ပျဉ်းမနားမြို့ လူထုအခြေပြုဗဟိုဌာန၌ မြန်မာ့ရိုးရာသနပ်ခါးသဘင် ကျင်းပ

ပျဉ်းမနား ဖေဖော်ဝါရီ ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အတွက် အထောက်အကူဖြစ်စေရေးနှင့် မြန့်မာ့ရိုးရာသနပ်ခါးကို တန်ဖိုးထားမြတ်နိုးတတ်စေရေးအတွက် မြန်မာ့သနပ်ခါးသဘင်ကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

အဆိုပါ မြန်မာ့သနပ်ခါးသဘင်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရုံးမှ ဒုတိယတိုင်းဦးစီးမှူး၊ ဒေါ်ခင်မာဖြူက  မြန်မာ့သနပ်ခါးသဘင် ကျင်းပရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် စာရေးဆရာမ ချယ်ချယ်(YU)က မြန့်မာ့ရိုးရာသနပ်ခါးအကြောင်း ရှင်းလင်းဆွေးနွေးသည်။

မြန်မာ့သနပ်ခါးသဘင်သို့ ပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းစိုး၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ပျဉ်းမနားဒေသခံပြည်သူများ တက်ရောက်ကြပြီး သနပ်ခါးလူးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထို့‌နောက် တက်ရောက်လာကြသူများသည် သနပ်ခါးပြခန်းနှင့် အရောင်းပြခန်းအား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)