ဥတ္တရသီရိ ဖေဖော်ဝါရီ ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် ပြည့်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက် (၂) လမှ (၅၉) လ ကလေးများအား ပိုလီယိုရောဂါကာကွယ်ဆေး (အစက်ချဆေး) တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်းဦးစီးဌာနပိုင် မူကြိုကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးတိုက်ကျွေးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝါဝါညွန့်ရွှေ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်အမျိုးသမီးရေးအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက် လူမှုဝန်ထမ်းဦးစီးဌာနပိုင် မူကြိုကျောင်းမှ ကလေးငယ်များအား ပိုလီယိုရောဂါကာကွယ်ဆေး (အစက်ချဆေး) တိုက်ကျွေးများ တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)