ပျဉ်းမနား ဖေဖော်ဝါရီ ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာနှင့် ဘုန်းတော်ကြီးကျောင်းများမှ အိမ်မွေးခွေးနှင့် ကြောင်များအား ခွေးရူးရောဂါကာကွယ်ဆေး(အခမဲ့) ထိုးနှံပေးခြင်းကို ပျဉ်းမနားမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရပ်ကွက်ကျေးရွာများသို့ သွားရောက်ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ခွေးရူးရောဂါကာကွယ်ဆေး(အခမဲ့) ထိုးနှံပေးခြင်းနှင့်ပတ်သက်၍ ပျဉ်းမနားမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ပျဉ်းမနားမြို့နယ်ရှိ အိမ်မွေးခွေးနှင့်ကြောင်များအား ခွေးရူးရောဂါကာကွယ်ဆေးများ (အခမဲ့) ထိုးနှံပေးလျက်ရှိပြီး ခွေးမှတစ်ဆင့် ကူးစက်တတ်သော ခွေးရူးရောဂါကြောင့် လူသေဆုံးမှုပပျောက်ရေး တစ်ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်ကို အကောင်အထည်ဖော်သွားမည်ဖြစ်ပါကြောင်း၊ ယနေ့တွင် ပျဉ်းမနားမြို့နယ်အတွင်းရှိ အိမ်မွေးခွေးစုစုပေါင်း ၇၅ ကောင်ကို ခွေးရူးရောဂါကာကွယ်ဆေးများ (အခမဲ့) ထိုးနှံပေးခဲ့ကြောင်း ပျဉ်းမနားမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မျိုးသီဟ (ပြန်/ဆက်)