ပုဗ္ဗသီရိ ဖေဖော်ဝါရီ ၂၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် သဲကုန်းကျေးရွာအုပ်စုတွင် နေကြာပန်းများ စိုက်ပျိုးခြင်းလုပ်ငန်း အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
နေကြာပန်း အမျိုးအမည်မှာ ဆင်းရွှေကြာ-၂ ဖြစ်ပြီး နေကြာပန်းမျိုးစေ့အား တစ်ပြည်ကို (၅၀၀၀) ကျပ်ဖြင့် ဝယ်ယူကာ တစ်ဧကလျှင် သုံးပြည် မျိုးချရကြောင်း၊ ရက်ပေါင်း (၆၅) ရက်ကြာ စောင့်ရပြီး အထွက်နှုန်းမှာ တစ်ဧကလျှင် ၁၁ တင်း ထွက်ရှိပြီး ကာလပေါက်ဈေးမှာ တစ်တင်းလျှင် (၃၂,၀၀၀) ကျပ် ရောင်းချရကြောင်း ပုဗ္ဗသီရိမြို့နယ် သဲကုန်းကျေးရွာအုပ်စု နေကြာပန်း စိုက်ပျိုးသူ တောင်သူတစ်ဦးထံမှ သိရသည်။
နေကြာပန်းကို ဆီထွက်သီးနှံအဖြစ် စိုက်ပျိုးခြင်းအပြင် ဘုရားပန်းအဖြစ်လည်း စိုက်ပျိုးရောင်းချရာ ဈေးကွက်တွင် အရောင်းသွက်ကြောင်း နေကြာပန်းစိုက်ပျိုးသူမှ (၁၀) ဧက စိုက်ပျိုးထားကြောင်း သိရသည်။
နန်းရွှေရတီ (ပြန်/ဆက်)