လယ်ဝေးမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club နှင့် စာပေဝါသနာရှင်လူငယ်များ စာဖတ်ဝိုင်းကျင်းပ

လယ်ဝေး ဖေဖော်ဝါရီ ၂၇

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club နှင့် စာပေဝါသနာရှင်များ၏ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပသည်။

ရှေးဦးစွာ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က စာပေဖတ်ရှုသည့် အလေ့အထကောင်းများ တိုးပွားရရှိကာ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတများ အပြန်အလှန်ဖလှယ်ဆွေးနွေးနိုင်ရေးနှင့် စာပေမြတ်နိုးသူများအချင်းချင်း ချစ်ခင်စည်းလုံးမှုပိုမိုရရှိစေရေး ရည်ရွယ်ကာ စာဖတ်ဝိုင်း ပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် Bopk Club အသင်းဝင်များ၊ စာပေဝါသနာရှင်များက စာရေးဆရာ အောင်ကိုဦး(AMK)၏ လူငယ်တွေစဉ်းစားဖို့  စာအုပ်ပါအကြောင်းအရာများအား ဖတ်ရှုဆွေးနွေးရာ မအိအိဖြိုးက လူငယ်နှင့်အခွင့်အလမ်း၊ မရွှေရည်ဝင်းက လူငယ်နှင့်အချိန်၊ မောင်လင်းမြတ်က ဗီဇနှင့်ပတ်ဝန်းကျင်၊ မသီသီဇင်က လူငယ်နှင့်စိန်ခေါ်မှုများ စသည့် ခေါင်းစဉ်များအပေါ် မိမိတို့၏အမြင်များကို ဆွေးနွေးခဲ့ပြီး Book Club မှ ဦးခင်မောင်ထွန်းက ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)