လယ်ဝေး ဖေဖော်ဝါရီ ၂၈
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရပ်ကွက်၊ ကျေးရွာများအတွင်း ဖေဖော်ဝါရီ ၂၄ ရက်မှစ၍ ခွေးရူးရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ခွေးရူးရောဂါဖြစ်သည့် ခွေး၊ ကြောင်တို့မှ လူ (သို့မဟုတ်) တိရစ္ဆာန်သို့ ကူးစက်ခံရပါက အသက်အန္တရာယ်ဆုံးရှုံးမှုများဖြစ်နိုင်သဖြင့် ခွေးလေခွေးလွင့်ကောင်ရေလျှော့ချရေး ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း၊ မွေးမြူသူကိုယ်တိုင်မိမိတို့၏တိရစ္ဆာန်ခွေး၊ ကြောင်များကို ကောင်းမွန်စွာပြုစုစောင့်ရှောက်သည့် အလေ့အကျင့်ကောင်းရရှိစေရန်ရည်ရွယ်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှဝန်ထမ်းများ၊ ကျေးလက်တိရစ္ဆာန်ကျန်းမာရေးလုပ်သားများက ကွင်းဆင်းထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းဖြင့် တိရစ္ဆာန်မှလူကိုကူးစက်ခြင်း၊ တိရစ္ဆာန်အချင်းချင်းကူးစက်ခြင်းများကိုကာကွယ်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ပြီး မတ်လ ၃ ရက်နေ့အထိ ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)