နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး အနာဂတ်ကလေးငယ်များ၏ဘဝ ပိုလီယိုရောဂါဘေးမှကင်းဝေးစေရေး ပိုလီယိုရောဂါကာကွယ်ဆေးတိုက်ကျွေးခြင်း အရှိန်အဟုန်မြှင့်ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေး
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် အသက်(၂)လမှ (၅၉) လ အရွယ် ကလေးများအားလုံး ပိုလီယိုရောဂါဖြစ်ပွားမှုကာကွယ်နိုင်ရန်နှင့် အနာဂတ်ကလေးငယ်များ၏ဘဝ ပိုလီယိုရောဂါဘေးမှကင်းဝေးစေရန်ရည်ရွယ်၍ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်မှုဖြင့် ဇမ္ဗူသီရီမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ လင်းပြည်သိမ်းနှင့်တာဝန်ရှိသူများက ယမန်နေ့ နံနက် ၈ နာရီက ဥာဏသိဒ္ဓိရပ်ကွက်ဓမ္မာရုံ၌ ပိုလီယိုရောဂါကာကွယ်ဆေးတိုက်ကျွေးခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာဆွေဇင်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။