နေပြည်တော်ကောင်စီနယ်မြေ

နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား တိုင်းရင်းဆေးဖြင့် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေး

နေပြည်တော်တိုင်းရင်းဆေးရုံကြီး ကွင်းဆင်းဆေးကုသရေးအဖွဲ့မှ ပျဉ်းမနားမြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူကြသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား တိုင်းရင်းဆေးဖြင့် အခမဲ့‌ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လယ်ဝေးမြို့နယ်၌  “ကျေးလက်ဒေသဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) များကျင်းပ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ပြည်သူ့လွှတ်‌တော်လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ ပညာ‌ရေးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော “ကျေးလက်ဒေသဖွံ့ဖြိုးရေး” ပြည်သူ့စကားဝိုင်း (Public Talk) များကို ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့၌ သဲကောကြီးကျေးရွာနှင့် ဝက္ကမူကျေးရွာတို့တွင် ကျင်းပသည်။

ကြံအထွက်နှုန်းတိုးတက်ရေး တောင်သူအချင်းချင်း အတွေ့အကြုံဖလှယ်ဆွေးနွေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ သကြားထွက်သီးနှံဌာနခွဲ၊ ကြံသီးနှံသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ(ပျဉ်းမနား)၌  ကြံစိုက်ပျိုးတောင်သူများထံ နည်းပညာဖြန့်ဖြူးဖလှယ်နိုင်ရန်ရည်ရွယ်၍ ဇွန်လ ၁၉ ရက်နေ့နံနက်ပိုင်းတွင် ကြံသုတေသနရလဒ်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် ကြံအထွက်နှုန်းတိုးတက်ရေးအတွက် တောင်သူအချင်းချင်း အတွေ့အကြုံ ဖလှယ်ဆွေးနွေးပွဲဆောင်ရွက်ခဲ့ကြောင်းသိရသည်။

သမဝါယမအသင်းသား တောင်သူများအတွက် သွင်းအားစုမြေဩဇာများ ပေးအပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရွာသာကျေးရွာရှိ စိုက်ပျိုးထုတ်လုပ်ရေး  သမဝါယမအသင်းသား တောင်သူများအတွက် လူမှုစီးပွားမြှင့်တင်ရေး(သက်တန့်ရောင်)စီမံကိန်း ထောက်ပံ့ငွေဖြင့် သွင်းအားစုမြေဩဇာများ ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းတွင် ရွာသာကျေးရွာ ဓမ္မာရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း ၂ဝ၂၆ ခုနှစ်၊ နေပြည်တော်အဆင့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများနှင့် သွေးလွန်တုပ်ကွေးရောဂါအကြောင်း ပညာပေးဟောပြောပွဲအခမ်းအနားတက်ရောက်

၂ဝ၂၆ ခုနှစ်၊ နေပြည်တော်အဆင့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ်၊ ငလိုက်-မုံနစ်ဘိနယ်၊ တောင်ညို(၃) ကြိုးဝိုင်းအတွင်း၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့်ဇနီး၊ နေပြည်တော်ကောင်စီဝင်များနှင့်ဇနီးများ၊  နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝင်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူလူထုများ တက်ရောက်ကြသည်။

လူထုအခြေပြုဗဟိုဌာန (Community Centre) ပျဉ်းမနား၌ စာရေးဆရာဖေမြင့် ရေးသားသည့်  “ဘဝတိုးတက်မှုအတွက်စာဖတ်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယမန်နေ့ နံနက်ပိုင်းက စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူလူငယ်များဖြင့် စာရေးဆရာဖေမြင့် ရေးသားသည့် “ဘဝတိုးတက်မှုအတွက်စာဖတ်ခြင်း” စာအုပ်ကို စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။

ဇမ္ဗူသီရိမြို့နယ် စိုးစံကိုယ်ပိုင် အထက်တန်းကျောင်း၌ မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်  စိုးစံကိုယ်ပိုင်အထက်တန်းကျောင်း၌ မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့‌ကြောင်း သိရသည်။ 

လယ်ဝေးမြိုနယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ မွန်းလွဲ၂နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း အခမ်းအနား ကျင်းပသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်း ဒေသဖွံ့ဖြိုးတိုးတက်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများ ကြည့်ရှု ကြည့်ရှုစစ်ဆေး၊ အဋ္ဌမအကြိမ်မြောက် အဘိဝိယာစရိယ စာတော်ပြန်ပွဲကျင်းပနေမှုအား သွားရောက်ကြည်ညို

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးကံမြင့်သန်းသည် ဒုတိယမြို့တော်ဝန် ဦးဝင်းမိုးခိုင်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ရေပန်းဥယျာဉ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊ မင်္ဂလာသိဒ္ဓိပန်းခြံစိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဇေယျာသီရိမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မှိုမျိုးစုံစိုက်ပျိုးထုတ်လုပ်နည်းပညာပေးသင်တန်းပြုလုပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်‌တော်၊ ဇေယျာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မှိုမျိုးစုံစိုက်ပျိုးထုတ် လုပ်နည်းပညာပေးသင်တန်းကို ယမန်နေ့မွန်းလွဲပိုင်းက စည်ပင်သာယာကျေးရွာ စိုက်ပျိုးစီးပွား အသိပညာပေးစင်တာ(KC)၌ ကျင်းပခဲ့သည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ