သမဝါယမအသင်းသား တောင်သူများအတွက် သွင်းအားစုမြေဩဇာများ ပေးအပ်

ပျဉ်းမနား ဇွန် ၂၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရွာသာကျေးရွာရှိ စိုက်ပျိုးထုတ်လုပ်ရေး  သမဝါယမအသင်းသား တောင်သူများအတွက် လူမှုစီးပွားမြှင့်တင်ရေး(သက်တန့်ရောင်)စီမံကိန်း ထောက်ပံ့ငွေဖြင့် သွင်းအားစုမြေဩဇာများ ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းတွင် ရွာသာကျေးရွာ ဓမ္မာရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ သမဝါယမနှင့်ကျေးလက်ဖွံ့ရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၊ ပျဉ်းမနားမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဒေသခံတောင်သူများ မိုးစပါးစိုက်ပျိုးရာတွင် အသုံးပြုနိုင်ရေးအတွက် လူမှုစီးပွားမြှင့်တင်ရေး(သက်တန့်ရောင်)စီမံကိန်း ထောက်ပံ့ငွေဖြင့် ဩဘာပုလဲ သွင်းအားစုမြေဩဇာများကို တောင်သူများထံ ပေးအပ်ကာ စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းပြီး ပန်းတိုင်အထွက်နှုန်းများ ရှိရေးအတွက် လိုအပ်သည့် သွင်းအားစုများကို စနစ်တကျထည့်သွင်းရေးနှင့် သီးနှံဖျက်ပိုးများ ကျရောက်မှုမရှိစေရေးကို အလေးထားဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)