နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး စိုက်ပျိုးရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဒေသခံပြည်သူများအား ဆေးကုသပေးနေမှုကို ကြည့်ရှုအားပေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ်၊ စည်ပင်ကြီးကျေးရွာအုပ်စု၊ ရွာသစ်ကြီးကျေးရွာရှိ ကွင်းအမှတ်(၁၅၈၁)၊ တောင်သူ ဦးဇော်ဦး၏ လယ်မြေခြောက်ဧက၌ ငရုတ်၊ ကြက်သွန်နီ၊ မုန်ညှင်း၊ ဘူး စသော စားဖိုဆောင်သုံးသီးနှံများ အောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေများအား ကြည့်ရှုအားပေးခဲ့သည်။