နေပြည်တော်ကောင်စီနယ်မြေ

လယ်ဝေးမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များအကြို အခြေခံလေ့ကျင့်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက အရန်မီးသတ်တပ်ဖွဲ့ဝင်များအကြို အခြေခံလေ့ကျင့်ရေးသင်တန်း၊ အမှတ်စဉ်(၁/၂၀၂၆)ဖွင့်ပွဲအခမ်းအနား ကျင်းပသည်။

ပျဉ်းမနားမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် အခြေခံမီးသတ်သင်တန်း ဖွင့်လှစ်သင်ကြားပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်မီးသတ်စခန်း၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် အခြေခံမီးသတ်သင်တန်းအမှတ်စဉ် ၁/၂၀၂၆ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ်၌ အခွန်ဆိုင်ရာ ကိစ္စရပ်များ သိရှိနားလည်စေရေး ရှင်းလင်းဆွေးနွေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  ပြည်ထောင်စုနယ်မြေ သီရိ(၅)မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးအနေဖြင့် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များအား အခွန်ဆိုင်ရာ အသိပညာတိုးတက်ရေးနှင့် အခွန်တာဝန်လေးစားလိုက်နာမှု တိုးတက်ရေး အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

ဒက္ခိဏခရိုင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ဆရာနန္ဒာသိန်းဇံ၏ “ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ

စာပေချစ်သူများ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် စာပေမှရရှိသော အတွေးအခေါ်များကို အပြန်အလှန်နှီးနှောဖလှယ်နိုင်စေရန် ရည်ရွယ်၍ ဆရာနန္ဒာသိန်းဇံ၏ “ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး ပြည်သူ့စာကြည့်တိုက်၌ ကျင်းပရာ စာဖတ်ဝိုင်းသို့ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ ဒုတိယညွှန်ကြား‌ရေးမှူး ဒေါ်သင်းသင်းဦး၊ ဒက္ခိဏခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုနှင့် တာဝန်ရှိသူများ၊ နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာ၊ ဆရာများ၊ Women Club အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များ တက်ရောက်ကြသည်။

တပ်ကုန်းမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်  ပြိုင်ပွဲနှင့် ပြပွဲများ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (အကြို) ပန်းချီ၊ စာစီ စာကုံးနှင့်ပြပွဲများကို ဇွန် ၂၂ ရက် မွန်းလွဲ ၁နာရီခွဲက မြဝတီရပ်ကွက်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ ပြည်သာနိုင်ဓမ္မာရုံတွင် ကျင်းပခဲ့သည်။

ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူလက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူလက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုး‌ရေးရုံးတွင် အခမဲ့ငှားရမ်းပေးခဲ့ကြောင်းသိရသည်။

ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Book Club စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများ ပူးပေါင်း၍ Book Club စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇေယျာသီရိမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ်၊ ကျွန်းရောင်းကျေးရွာအုပ်စုနှင့် သစ်တပ်ကျေးရွာအုပ်စုသို့ ဆက်သွယ်ထားသော ရွှေပေး-ရှားစေးဖိုကျေးရွာချင်းဆက်လမ်း၏ လမ်းဘေးဝဲ/ယာတစ်လျှောက်တွင် ယမန်နေ့နံနက်ပိုင်းက မိုးရာသီသစ်ပင်စိုက်ပွဲတော် ကျင်းပခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း အခွန်ဆိုင်ရာ အသိပညာတိုးတက်ရေးနှင့် အခွန်တာဝန်လေးစားလိုက်နာမှု တိုးတက်ရေးအသိပညာပေးရှင်းလင်းပွဲအခမ်းအနား တက်ရောက်

ပြည်ထောင်စုနယ်မြေအခွန်ဦးစီးဌာနမှူးရုံးမှ အခွန်ဆိုင်ရာ အသိပညာတိုးတက်ရေးနှင့် အခွန်တာဝန်လေးစားလိုက်နာမှု တိုးတက်ရေးအသိပညာပေးရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်ကောင်စီအတွင်းရေးမှူးနှင့် နေပြည်တော်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အခွန်ထမ်းပြည်သူများ တက်ရောက်ကြသည်။

တပ်ကုန်းမြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်းဖွင့်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်ဖွင့်လှစ်သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာနအစည်းဝေးခန်းမတွင်ကျင်းပရာ ဥတ္တရခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးဝင်းဗိုလ်၊ ဥတ္တရခရိုင်မီးသတ်ဦးစီးမှူး ဦးစိုးသက်နောင်၊ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဟိန်းအောင်ကျော်နှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ သင်တန်းသား ၁၀ဝ ဦး၊ အရန်မီးသတ်ခေါင်းဆောင်နှင့်အဖွဲ့ဝင် ၁၅ ဦး တက် ရောက်ခဲ့သည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ