ဇေယျာသီရိမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မှိုမျိုးစုံစိုက်ပျိုးထုတ်လုပ်နည်းပညာပေးသင်တန်းပြုလုပ်

ဇေယျာသီရိ ဇွန် ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်‌တော်၊ ဇေယျာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မှိုမျိုးစုံစိုက်ပျိုးထုတ် လုပ်နည်းပညာပေးသင်တန်းကို ယမန်နေ့မွန်းလွဲပိုင်းက စည်ပင်သာယာကျေးရွာ စိုက်ပျိုးစီးပွား အသိပညာပေးစင်တာ(KC)၌ ကျင်းပခဲ့သည်။

အဆိုပါသင်တန်းတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးပြေသိန်းက အရင်းအနှီးနည်းပါးပြီး မိသားစုစားဝတ်နေရေးကို အထောက်အပံ့ဖြစ်စေသည့်အတွက် စိုက်ပျိုးကြရန်နှင့် မှိုစိုက်ပျိုးထုတ်လုပ်မှုသင်သန်း၏ ရည်ရွယ်ချက်များကို ဦးစွာပြောကြားခဲ့သည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ ဒုလက်ထောက်ဦးစီးမှူး ဒေါ်ဖြူဖွေးက မှိုမျိုးစုံစိုက်ပျိုးထုတ်လုပ်သည့် နည်းစနစ်များအား ရှင်းလင်းသင်ကြားပို့ချခဲ့သည်။ သင်တန်းသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်း(၁၂)ဦးနှင့် စည်ပင်သာယာကျေးရွာမှ တောင်သူ (၅၀) ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသည့် တောင်သူများအား ငွေနှင်းမှိုမျိုးထုတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)