နေပြည်တော်ကောင်စီနယ်မြေ

ဇေယျာသီရိခရိုင်၌ အခြေခံရုံးလုပ်ငန်းဆိုင်ရာသင်တန်းနှင့်အခြေခံစာရင်းကိုင်သင်တန်းဖွင့်လှစ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင် အမျိုးသမီးရေးရာအဖွဲ့မှ ကျင်းပပြုလုပ်သည့်အခြေခံရုံးလုပ်ငန်းဆိုင်ရာသင်တန်းနှင့်အခြေခံစာရင်းကိုင်သင်တန်းကို ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက်ပိုင်းက ဇေယျာသီရိခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စတင်ဖွင့်လှစ်ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း (၇၉) နှစ်မြောက်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ်၊ MSME ထုတ်ကုန်ပြပွဲနှင့် အထူးဈေးရောင်းပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

(၇၉) နှစ်မြောက်၊ ပြည်ထောင်စုနေ့ အထိမ်းအမှတ်၊ MSME ထုတ်ကုန်ပြပွဲနှင့် အထူးဈေးရောင်းပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၂)၌ကျင်းပရာ နေပြည်တော်အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးတိုးဝင်း၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ နေပြည်တော် MSME အသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

တပ်ကုန်းမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် နွယ်ရစ်ကျေးရွာအခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ပြင်ပအသိပညာဗဟုသုတများ ပိုမိုရရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်ကျင်းပသည့်လူငယ်ရေး ရာအသိပညာပေးဟောပြောပွဲကို ဇန်နဝါရီလ ၁၆ ရက်နေ့နံနက်ပိုင်းက  အဆိုပါကျောင်းရှေ့၌ ကျင်းပခဲ့သည်။

ဥတ္တရသီရိမြို့နယ်၌ “စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေး” ဟောပြောပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် မင်းကုန်းကျေးရွာအုပ်စု၊ မအူလေးပင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် “စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေး” ဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါကျောင်းဘက်စုံသုံးခန်းမတွင် ကျင်းပသည်။

ဥတ္တရသီရိမြို့နယ် မအူလေးပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ (ခွဲ)စာဖတ်ရှိန်မြှင့်တင်ရေး “လူငယ်စကားဝိုင်း”ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ မအူလေးပင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန် ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး  “လူငယ်စကားဝိုင်း” ကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး Digital နည်းလမ်းဖြင့် မှတ်ပုံတင်ရန်အတွက် FDMS နှင့် DDMS Software များအား Upgrade and Technical Support လုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် စာချုပ်စာတမ်းများမှတ်ပုံတင်ဥပဒေနှင့် လယ်ယာမြေဥပဒေတို့အရ စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး Digital နည်းလမ်းဖြင့်မှတ်ပုံတင်ရန်အတွက် အသုံးပြုလျက်ရှိသည့် FDMS နှင့် DDMS Software များအား Upgrade and Technical Support လုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပျဉ်းမနားခရိုင် မြေစာရင်းဦးစီးဌာန ရုံးဝင်းအတွင်းရှိ သီးနှံအထွက်နှုန်းဆန်းစစ်အကဲဖြတ်စင်တာ၌ ကျင်းပသည်။

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ပျဉ်းမနားမြို့နယ် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ၊ မီးခိုးမြူငွေ့ကင်းရှင်းရေးနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနား တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ၊ မီးခိုးမြူငွေ့ကင်းရှင်းရေးနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီရဲမိုး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်/ကျေးရွာသန့်ရှင်းသာယာလှပရေးကြီးကြပ်မှုကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်ဘေးပြန်လည်ပြင်ဆင်တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ချောင်းမကြီး ရေလှောင်တမံနှင့် ဥတ္တရသီရိရေလှောင်တမံများသို့ သွားရောက်၍ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တမံပြုပြင်ဆောင်ရွက်နေမှုများနှင့် တမံမြေသားကြံ့ခိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဒက္ခိဏခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ လူငယ်စာဖတ်ဝိုင်း ကျင်းပ

 လူငယ်များအနေဖြင့် စာဖတ်ခြင်းကို နေ့စဉ်ဘဝ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ထည့်သွင်းလာစေရန်၊ စာအုပ်၊ စာပေများနှင့် ရင်းနှီးလာစေရန်နှင့် စာဖတ်ခြင်းမှတစ်ဆင့် ပျော်ရွှင်မှုနှင့် အသိပညာများကိုရရှိစေရန်ရည်ရွယ်ကျင်းပသည့် လူငယ်စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲပိုင်းတွင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ကျင်းပရာ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုနှင့် တာဝန်ရှိသူများ၊ နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာများဖြစ်သည့် ‌ဆရာ သဘာဝ၊ ဆရာ အိုင်ပီ-မျိုးအောင်၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ စာပေဝါသနာရှင်များ တက်ရောက်သည်။

ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ကျောင်းသား၊ ကျောင်းသူလူငယ်များအား လူကုန်ကူးမှုအန္တရာယ်မှ ကာကွယ်နိုင်‌စေရန် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ကျင်းပရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဦး၊ ဒက္ခိဏခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုနှင့် တာဝန်ရှိသူများ၊ နေပြည်တော် စာပေဝိုင်းမှ စာရေးဆရာများ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ