ဦးစီးဌာန(ရုံးချုပ်)

မိုင်းယန်းမြို့၌ ရောင်းချရန်ကန့်ကွက်သည့်် ထုတ်ကုန်ပစ္စည်းများရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မြို့ယန်းမြို့နယ်တွင် ရောင်းချရန်ကန့်ကွက်သည့် ထုတ်ကုန်ပစ္စည်းများရောင်းချမှု ရှိ/ မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီက   မြို့မဈေးအတွင်း ဈေးဆိုင်များ၊ ကုန်စုံဆိုင်များသို့ တာဝန်ရှိသူများမှ ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။

နိုင်ငံခြားဘာသာတက္ကသိုလ်(မန္တလေး)တွင် လူငယ်များ ဉာဏဗလနှင့် စာရိတ္တဗလဖွံ့ဖြိုးရေးလှုပ်ရှားမှု အခမ်းအနား ကျင်းပ

နိုင်ငံခြားဘာသာတက္ကသိုလ်(မန္တလေး) ၏ လူငယ်သီတင်းပတ်၊ဗလငါးတန်ဖွံ့ဖြိုးရေးလှုပ်ရှားမှု အစီအစဉ်အဖြစ် ဉာဏဗလနှင့် စာရိတ္တဗလဖွံ့ဖြိုးရေးလှုပ်ရှားမှု အခမ်းအနားကို စက်တင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီက နိုင်ငံခြားဘာသာတက္ကသိုလ် (မန္တလေး) Cultural Room တွင် ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာတင့်တင့်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ဆရာ၊ဆရာမများ နှင့် ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း (၈၀)ဦး တက်ရောက်ကြသည်။

ကျုံပျော်မြို့တွင် ပြည်သူများထံသို့ စားသုံးဆီများ ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချ

ပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် စားသုံးဆီများ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၊ တေဇရပ်ကွက် အခွန်လွတ်ဈေး၌ စက်တင်ဘာ ၃ ရက်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လယ်ဝေးမြို့နယ်၊ ပေါက်မြိုင်ကျေးရွာတွင် တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲကျင်းပ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အသေးစား ထုတ်ကုန်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေ တိုးရေးစီမံကိန်းလုပ်ငန်းဆိုင်ရာ အသေးစားအငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေးစီမံကိန်း (Bakery) ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက လယ်ဝေးမြို့နယ်၊ မြို့ကုန်းကျေးရွာတွင် ကျင်းပသည်။

သာပေါင်းမြို့နယ်မှ ပုသိမ်ခရိုင်အဆင့်(၂၄)ကြိမ်မြောက် အဆို၊အက၊ အရေး၊ အတီးပြိုင်ပွဲ ဝင်ရောက်ယှဥ် ပြိုင်မည့်ပြိုင်ပွဲဝင်များ၊ အကအဖွဲ့များအား အောင်နိုင်ရေးအလံပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်မှ (၂၄)ကြိမ်မြောက်အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပုသိမ်ခရိုင် အဆင့်ဝင်ရောက်ယှဥ်ပြိုင်မည့် ပြိုင်ပွဲဝင်များနှင့်အကအဖွဲ့များအား ယနေ့ ဩဂုတ်လ ၂၇ ရက်နေ့၊ မွန်းလွဲ ၁ နာရီအချိန်က ပြည်အေးခန်းမ၌ အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ရေကြီးနစ်မြုပ်ခံရပြီး ပြန်လည်ပေါ်လာသော စိုက်ပျိုးမြေတွင် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် စက်မှုလယ်ယာဦးစီးဌာန အမှတ် (၄၈) စက်မှုလယ်ယာစခန်းမှ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယမန်နေ့နံနက် ၉:၃၀ နာရီ အချိန်က သပြေတန်ကျေးရွာ တောင်သူဦးလင်း၏ လယ်မြေ၌ ဆောင်ရွက်ကြောင်း သိရသည်။

မြစ်သားမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာဟောပြောပွဲ အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူငယ်ရေးရာကော်မတီ၊ အခြေခံပညာဦးစီးဌာန (အ.ထ.က) မြစ်သားတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာဟောပြောပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက ကျန်စစ်သားအစည်းအ‌ဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရေနံချောင်းမြို့၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့ (CPU)က ကြီးမှူးကျင်းပသည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည်။

ချောင်းဆုံမြို့နယ်တွင် ရာသီအလိုက် စိုက်ပျိုးရသည့် သီးနှံများ အထွက်တိုးရေး တောင်သူ များအား အသိပညာပေး

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ တောင်သူများအနေဖြင့် ရာသီအလိုက် စိုက်ပျိုးထား သည့် သီးနှံများအား နည်းစနစ်တကျ စိုက်ပျိုး၍ အတွက်နှုန်း တိုးတက်လာစေရန်နှင့် လယ်ယာမြေ ဥပဒေများကို သိရှိနိုင်ရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့ ပူးပေါင်း၍ ဩဂုတ်လ ၁၁ ရက်နေ့ က ကွမ်လှာကျေးရွာ နှင့် အဘစ်ကျေးရွာတို့တွင် အသိပညာပေးဟောပြောပွဲကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား သွားတိုက်နည်းစနစ်မှန်ကန်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းလီနှင့်အဖွဲ့ဝင်များ၊ လက်‌ထောက်ဆရာဝန် ဒေါက်တာ ဖြိုးဟိန်းသူနှင့်ဝန်ထမ်းများ၊ ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား သွားတိုက်နည်းစနစ်မှန်ကန်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက အမှတ်(၁) အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)