မိုင်းတုံမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ရွေ့လျားစာကြည့်တိုက် ကွင်းဆင်း

မိုင်းတုံ နိုဝင်ဘာ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများမှ စာကြည့်တိုက်သို့  မလာနိုင်သည့် စာ‌ပေချစ်သူ စာဖတ်ပရိတ်သတ်များ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှု ဉာဏ်ရည်များရင့်သန်လာစေရန်၊ အမှားနှင့် အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အထများ ရရှိစေယုံသာမက မှတ်စုစာအုပ်တွင် မှတ်သားသင့်သည်များကို မှတ်သားထားခြင်းဖြင့် နောင်တစ်ချိန်တွင် တန်ဖိုးရှိသည့် စာပေများအဖြစ် အသုံးချတက်စေရန် ရည်ရွယ်၍ ယနေ့  နံနက် ၁၀း၀၀အချိန်က ရွေ့လျားစာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက သုတ၊ ရသစာအုပ်ပေါင်း (၁၃၅)အုပ်ကို သယ်ဆောင်၍ မြို့မရပ်ကွက် ၊မြို့နယ်မြန်မာ့စီးပွား‌ရေးဘဏ်၊ မြို့နယ်‌ထွေ/အုပ်ရုံးများသို့ သွားရောက်၍ စာပေချစ်သူ၊ စာဖတ်ပရိတ်သတ်များထံသို့ ရွေ့လျားစာကြည့်တိုက်အဖြစ် ကွင်းဆင်းဆောင်ရွက်ရင်း စာအုပ်၊ စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းတစ်ဦးထံမှ သိရှိရသည်။

ဝင်းဝင်းခိုင်၊(မိုင်းတုံ၊ပြန်/ဆက်)