ဦးစီးဌာန(ရုံးချုပ်)

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့က ရေဘေးသင့်ပြည်သူများအား ဆန်နှင့်အသင့်စားဒန်ပေါက်များ ထောက်ပံပေးအပ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် လေးမြို့မြစ်ရေကြီးမှုကြောင့်နေအိမ်များ ရေမြုပ်ပြီးရေဘေးလွတ်ကင်းရာဘုန်းတော်ကြီးကျောင်း၊ဓမ္မာရုံများတွင်ခေတ္တခိုလှုံခဲ့ရသည့်ရေဘေးသင့်ပြည်သူများအား ရခိုင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့က ဆန်၊အသင့်စားဒန်ပေါက်၊မာမီးခေါက်ဆွဲခြောက်များအားပေးအပ်ပွဲကို သြဂုတ် ၉ ရက် နေ့လည်က ဓမ္မမေတလင်ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

ဘားအံမြို့နယ်တွင် မိုးစပါး  ၄၇၅၂၈ ဧက စိုက်ပျိုးပြီးစီး စိုက်ပျိုးစွမ်းအားမြှင့်တင်နိုင်ရေး ကရင်ပြည်နယ် ဝန်ကြီးချုပ် မြေပြင်ကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ဇွန်လမှ အောက်တိုဘာလကုန်ထိ မိုးစပါးဧက ၁၁၉၀၄၃ ကျော်စိုက်ပျိုး ရန်လျာထားဆောင်ရွက်လျက်ရှိရာ ယနေ့အချိန်ထိ မိုးစပါး ၄၇၅၂၈ ဧက ရာခိုင်နှုန်းအားဖြင့် ၄၀ ရာခိုင်နှုန်းခန့် စိုက်ပျိုး ပြီးကာ စွမ်းအားပြည့်ထွန်ယက်စိုက်ပျိုး ထုတ်လုပ်နိုင်ရေးအတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်အဖွဲ့ သည် ဩဂုတ်လ ၅ ရက်နေ့ နံနက်ပိုင်းက မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဇမ္ဗူသီရိမြို့နယ်၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

လားရှိုးမြို့တွင် တိုင်ထောင်ပဲသီးဝယ်ယူစားသုံးသူများပြီး ဈေးကောင်းရလျက်ရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ၄၅ ရက်တိုင်ထောင်ပဲသီးများ စိုက်ပျိုးသူများလျက်ရှိပြီး ယခုကာလအတွင်း တိုင်ထောင်ပဲသီးထွက်ပေါ်ချိန်တွင် ဝယ်ယူစားသုံးသူများလျက်ရှိနေကြောင်း သိရသည်။

မင်းလှမြို့၌ ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျှော့ချရေးအသိပညာ ခြင်းနှင့်အင်ဖက်၊ ငှက်ပျောဖက်များ အခမဲ့ဖြန့်ဝေပေးခြင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်ရန်နှင့် ကြွပ်ကြွပ်အိတ်အသုံးပြုမှုလျှော့ချရေး၊ ပလပ်စတစ်အိတ် ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အစားထိုးအသုံးပြုရေး အသိပညာပေးခြင်းနှင့် အင်ဖက်၊ ငှက်‌ပျောဖက်များ အခမဲ့ဖြန့်ဝေပေးဆောင်ရွက်ခြင်းကို ယနေ့နံနက်(၈)နာရီကမင်းလှမြို့ ဇေယျာသီရိစျေးတွင် ဈေးရောင်းစျေးဝယ်ပြည်သူများအား လက်ကမ်းစာစောင်ဖြန့်‌ဝေပေးခြင်း၊ ဈေးရောင်းချသူများအား ငှက်ပျောဖက်နှင့် အင်ဖက်များ ဖြန့်ဝေပေးခြင်းဆောင်ရွက်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဆင်းသုခစပါးမျိုး ပျိုးထောင်စိုက်ပျိုးမှုအားကြည့်ရှုအားပေးပြီး တောင်သူများထံသို့သွင်းအားစုဓာတ်‌မြေဩဇာများထောက်ပံ့ပေးအပ်

တောင်သူကြီးများအနေဖြင့် ပိုက်ဆံလျှော်ထည့်သွင်းစိုက်ပျိုးခဲ့သဖြင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်လာသည်ကို မြင်တွေ့နေရပြီ ဖြစ်ပါကြောင်း၊ သဘာဝမြေသြဇာများအသုံးပြု၍ ဓာတ်မြေသြဇာသုံးစွဲမှုများလျှော့ချကြရန်နှင့် အထွက်နှုန်းများ တိုးတက်ရန်အတွက် မျိုးကောင်းမျိုးသန့်စပါးများဖြင့် ပြောင်းလဲစိုက်ပျိုးခြင်း၊ ခေတ်မီစိုက်ပျိုးနည်းစနစ် ပြောင်းလဲစိုက်ပျိုး ခြင်းများ လုပ်ဆောင်ရန် လိုအပ်ကြောင်း ရေကြည်မြို့နယ်၊ နွားရေတိုက်ကျေးရွာ တောင်သူဦးစိုးလှိုင်၏ လယ်ဧက၌ ပြုလုပ်သည့် ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါးတစ်ဧက (၁၀)တင်းနှုန်း ပိုမိုတိုးတက်ထွက်ရှိရေး ပျိုးထောင်စိုက်ပျိုးပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက ပြောကြားခဲ့သည်။

ပင်းတယမြို့နယ်တွင် လူငယ်စကားဝိုင်းကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ မြတ်ဆရာခန်းမ၌ ကျင်းပခဲ့ရာ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒေသအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

မက်မန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဖတ်ဝိုင်းကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာဖတ်ရှုသည့် အလေ့အထများ ရရှိစေရန်၊ စာပေဖြင့် လူနေမှုဘဝတိုးတက်စေရန်နှင့် အမှားအမှန် ဝေဖန်ပိုင်းခြားတတ် စေရန် ရည်ရွယ်၍ စာရေးဆရာမ ခင်စောတင့်ရေးသားသော “စွန့်စားမှုဆီသို့ ခြေတစ်လှမ်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ကျင်းပခဲ့သည်။

နတ်မောက်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ကျောင်းသား/သူများအား စာအုပ်စာစောင်များငှားရမ်းပေး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူ များ စာဖတ်ရှိန်မြှင့်မားပြီး အသိပညာဗဟုသုတိုးပွားစေရေးအတွက် ယမန်နေ့ ရက် နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ကျောင်းသား/သူများ အား စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့သည်။

ဝေါမြို့နယ်၌ (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အကြိုအသိပညာပေး ဟောပြောပွဲနှင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ နံရံကပ်စာစောင်ပြပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် (၁၀) နာရီက အခြေခံပညာအထက်တန်းကျောင်း သီရိဇေယျာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)