တောင်ကြီး အောက်တိုဘာ၂၇
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုသင်တန်းကျောင်း၊ တောင်ကြီးမြို့၊ သူနာပြုသားဖွား ဒီပလိုမာ (၃)နှစ် သင်တန်းဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲကို အောက်တိုဘာ (၂၇)ရက် နံနက် (၈)နာရီခွဲက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
သူနာပြုသားဖွား ဒီပလိုမာ အောင်လက်မှတ် ပေးအပ်ပွဲတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက “သူနာပြုသင်တန်းကျောင်းနှင့် သားဖွားသင်တန်းကျောင်းမှ သင်တန်းသား/သူ စုစုပေါင်း(၁၀၁)ဦးအား သူနာပြုသားဖွား ဒီပလိုမာ အောင်လက်မှတ်ပေးခြင်း အခမ်းအနား ဖြစ်ပါကြောင်း၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ သူနာပြုတက္ကသိုလ်နှစ်ခုနှင့် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (၅၃)ကျောင်းအထိ တိုးမြှင့်ဖွင့်လှစ်ပေးထားပြီး သူနာပြုပါရဂူသင်တန်း၊ သူနာပြုသိပ္ပံသင်တန်း၊ သူနာပြုမဟာသိပ္ပံဘွဲလွန်သင်တန်း (၉)လ အထူးပြုဒီပလိုမာ သင်တန်းများကိုလည်း သူနာပြုတက္ကသိုလ် (၂)ခုလုံးတွင် ဖွင့်လှစ် သင်ကြားပေးနိုင်ခဲ့ပါကြောင်း၊ မောင်မယ်တို့အနေဖြင့် (၃)နှစ်တိုင်တိုင် ဇွဲ၊ လုံလ၊ ဝီရိယနှင့် ကြိုးစား အားထုတ်ခဲ့ကြရာ ယခုလို သူနာပြုသားဖွား ဒီပလိုမာ အောင်လက်မှတ်ကို အောင်မြင်စွာ ဆွတ်ခူးနိုင်ခဲ့ပါကြောင်း၊ မောင်မယ်တို့သည် မိမိတို့၏ အောင်မြင်မှုအတွက် ဝမ်းမြောက် ဂုဏ်ယူနေကြသလို မောင်မယ်တို့၏ မိဘဆွေမျိုးမိတ်သင်္ဂဟများ၊ သင်ကြားပြသပေးခဲ့သော ဆရာမများနှင့် ဝန်ထမ်းများကလည်း ဝမ်းမြောက် ဂုဏ်ယူလျက်ရှိပါကြောင်း၊ ဒီပလိုမာ အောင်လက်မှတ်ရပြီး လုပ်ငန်းခွင်အသီးသီးကို ဝင်ရောက်သည့်အခါ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို အစဥ်ထာဝရ စောင့်သိရိုသေကြပြီး မိမိတို့ ရှမ်းပြည်နယ်နှင့် အမိကျောင်းတော်ကြီး၏ ဂုဏ်သိက္ခာကို အစဥ်မြှင့်တင်ပေးကြရန်” ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက သူနာပြုသားဖွား ဒီပလိုမာ အောင်လက်မှတ် အပ်နှင်းပွဲအတွက် ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ရာ သူနာပြုကျောင်းအုပ်ဆရာမကြီး(၂)ဦးမှ လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက ဒီပလိုမာ အောင်လက်မှတ် ရယူကြမည့်သူများအား ရင်းရင်းနှီးနှီးနှီး လိုက်လံ နှုတ်ဆက်ကြသည်။
ထို့နောက် ကျောင်းအုပ်ကြီးမှ သူနာပြုသားဖွား (၃)နှစ် ဒီပလိုမာ သင်တန်းသား/သူများအား ဒီပလိုမာ အောင်လက်မှတ်များကို ချီးမြှင့်အပ်နှင်းရာ ကျောင်းအုပ်ကြီးမှ သူနာပြုသားဖွား(၃)နှစ် ဒီပလိုမာ သင်တန်းသား/ သူများအား ဒီပလိုမာ အောင်လက်မှတ်များကို ချီးမြှင့်ကြောင်း အတည်ပြုပေး၍ ကျောင်းအုပ်ကြီး ဒေါ်ဆုဝေမာက သူနာပြုသားဖွား (၃)နှစ် ဒီပလိုမာ သင်တန်းသား/သူများအား သင်တန်းဆင်း အမှာစကား ပြောကြားပြီး သူနာပြုသားဖွား (၃)နှစ် ဒီပလိုမာ သင်တန်းသား/သူများအား ဒီပလိုမာ အောင်လက်မှတ်များကို ချီးမြှင့်အပ်နှင်းပေးကြကြောင်း သိရှိရသည်။
မောင်မောင်သန်း(ပြန်/ဆက်)