ကွန်ဟိန်းမြို့ မဟာကမ္ဘောဇပြည်ငြိမ်းအေးစေတီတော်၌ ဆီမီးတစ်သောင်း ထွန်းညှိပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ကွန်ဟိန်း နိုဝင်ဘာ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ အမှတ် (၄) ရပ်ကွက်အတွင်းရှိ မဟာကမ္ဘောဇပြည်ငြိမ်းအေးစေတီတော်တွင် (၁၃၈၅ ခု၊ သီတင်းကျွတ်လပြည့်နေ့) အောက်တိုဘာလ ၂၉ ရက်နေ့၊ ညနေ ၆ နာရီခန့်က ဆီမီးတစ်သောင်း ထွန်းညှိပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆီမီးတစ်သောင်း ထွန်းညှိပူဇော်ပွဲတွင် စစ်ဗျူဟာအခြေချ(ကွန်ဟိန်း) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကိုနိုင်နှင့် ကွန်ဟိန်းတပ်နယ်မိသားစုများ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဝင်းနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများ၊ လူမူရေးအသင်းအဖွဲ့များ၊ ပြည်သူများမှ ဆီမီးတစ်သောင်း ထွန်းညှိပူဇော်ခဲ့ကြပြီး  စတုဒီသာများဖြင့် အလှူဒါနများ ပြုလုပ်ကြကြောင်း သိရသည်။

ထို့နောက် ဒေသခံတိုင်းရင်းသားပြည်သူများမှ တိုးနယားအကနှင့် ကိန္နရီ/ကိန္နရာ အကများဖြင့် ဖျော်ဖြေကြရာ စစ်ဗျူဟာအခြေချ(ကွန်ဟိန်း) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကိုနိုင်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဝင်းနိုင်တို့က ဆုများ ချီးမြှင့်ပေးပြီး မီးပုံးငယ် လွတ်တင်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)