နတ်မောက်မြို့နယ် ဖလန်ပင်ကျေးရွာ၌ (၆)လပဲခေါ် မြေပြန့်မြေပဲများ နှုတ်သိမ်း

နတ်မောက် အောက်တိုဘာ ၃၁

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ဖလန်ပင်ကျေးရွာ၌ (၆)လခေါ် မြေပြန့်မြေပဲများ နှုတ်သိမ်းလျက်ရှိကြောင်း တောင်သူ ဦးထွန်းဝေထံက သိရသည်။

ကျေးလက်ဒေသတောင်သူများသည် မိုးဦးကာလများ၌ မိရိုးဖလာစိုက်ပျိုးနေကြဖြစ်သည့် နှမ်းသီးနှံအပြင် (၆)လပဲခေါ် မြေပြန့်မြေပဲများကို နှစ်စဉ် စိုက်ပျိုးလျက်ရှိကြောင်း၊  (၆)လမြေပဲများကို မိုးရွာသွန်းပြီးချိန်တွင် နှမ်းနှင့်အတူ စိုက်ပျိုးကြကြောင်း၊ မြေပဲစိုက်ပျိုးရန်အတွက် မြေပြုပြင်ပြီးထယ်ရေးများကို ဂျောင်းစနစ်ဖြင့် ကျဲပက်ရကြောင်း၊ ကျဲပက်ပြီး (၄၅)ရက်သက်တမ်းရှိသည့်အခါ ပေါင်းမြက်ရှင်းလင်းခြင်းလုပ်ငန်းများ လုပ်ကိုင်ပေးရပါကြောင်း၊  တောင်သူအများစုအနေဖြင့် (၆)လမြေပဲများကို ပထမဆုံး နှုတ်သိမ်းပြီး ဥများကိုဆွတ်ယူ၍ မြေပဲအရိုးများကို နွားစာအဖြစ် ယာခင်းထဲတွင် စုပုံထားရှိကြောင်း၊ မြေထဲမှာကျန်နေသည့် ဥများကို ထွန်ယက်ကောက်ယူကြကြောင်း (၆)လမြေပဲစိုက်ပျိုးသူ ဦးသောင်းရွှေ၏ ပြောကြားချက်အရ သိရသည်။

မူမူစန်း