တန့်ယန်း နိုဝင်ဘာ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြည်သူလူထုများ၏ လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဆောင်ရွက်ပေးနေရာ လုံမုံကျေးရွာအုပ်စု၊ နမ့်လန်ကျေးရွာတွင် ကျေးရွာဘက်စုံသုံးခန်းမ တည်ဆောက်ပေးနေကြောင်း သိရသည်။
အဆိုပါ နမ့်လန်ကျေးရွာ ဘက်စုံသုံးခန်းမအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နိုင်ငံတော်၏ ကျေးရွာဖွံဖြိုး တိုးတက်ရေးစီမံကိန်း (VDP) ရန်ပုံငွေမှ ငွေကျပ် (၁၅)သန်းနှင့် ကျေးရွာနေ ပြည်သူလူထုများမှ လုပ်ငန်းတန်ဖိုး ပါဝင်မှု ငွေကျပ် (၇)သန်းတို့ဖြင့် အလျား (၄၅)ပေ၊ အနံ (၃၀)ပေ၊ အမြင့် (၁၂)ပေအား မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခိုင်မင်းထွန်းနှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ် ဆောက်လုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)