သံဖြူဇရပ်မြို့နယ် အောင်မင်္ဂလာရပ်ကွက်ရှိ ဓမ္မာရာမတောရကျောင်းတိုက်၌ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် အလှူရှင်များမှ သံဖြူဇရပ်ချွေးတပ်စခန်းတွင် ကွယ်လွန်သူ မြန်မာလူမျိုး ချွေးတပ်သားများအား ရည်စူး၍ နေ့ဆွမ်းဆက်ကပ်လှူဒါန်း
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် အောင်မင်္ဂလာရပ်ကွက်ရှိ ဓမ္မာရာမတောရကျောင်းတိုက်၌ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် အလှူရှင်များ ပူးပေါင်း၍ ဒုတိယကမ္ဘာစစ်အတွင်း သံဖြူဇရပ်ချွေးတပ်စခန်းတွင် ကွယ်လွန်သူ မြန်မာလူမျိုးချွေးတပ်သားများအား ရည်စူး၍ သံဃာတော် (၁၀၈) ပါးကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။