ကျိုင်းတုံမြို့၌ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၆) အခမ်းအနား ကျင်းပ

ကျိုင်းတုံ ဧပြီ ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ် (၂၀၂၆) အခမ်းအနားကို ဧပြီ ၂၈ ရက် နံနက်  ၉ နာရီက ကျိုင်းတုံအထွေထွေရောဂါကုဆေးရုံကြီးတွင် ကျင်းပရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) အတွင်းရေးမှူး ရဲမှူးကြီး နေမျိုးထွဋ်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုးဝေနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစန်းဟုန်၊ ကျန်းမာရေးဝန်ထမ်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) အတွင်းရေးမှူး ရဲမှူးကြီး နေမျိုးထွဋ်က အမှာစကားပြောကြားပြီး အခမ်းအနား တက်ရောက်လာကြသူများအား (၂၀၂၆) ခုနှစ်၊ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ်အထိမ်းအမှတ် ဗွီဒီယိုနှင့် မျိုးဆက်တိုင်းကို ကာကွယ်ထား၊ ကာကွယ်ဆေး၏ စွမ်းပကား” Documentary Story များ ပြသခြင်းနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) အတွင်း ကာကွယ်ဆေးထိုးနှံတိုက်ကျွေးမှု မှတ်တမ်းပြခန်းများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)