ရေနံချောင်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပ

ရေနံချောင်း ဧပြီ ၂၈

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇင်ဦးက အမှာစကား ပြောကြားရာတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် နိုင်ငံပိုင်အခန်းကဏ္ဍမှ ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများ၏ ရင်းနှီးမြုပ်နှံမှုရည်မှန်းချက်များအား ကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်သွားကြဖို့လိုကြောင်း ပြောကြားသည်။

ထို့နောက် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီအတွင်းရေးမှူး ဒေါ်စန်းစန်းမြင့်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဒေသန္တရစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့မှုအခြေအနေများနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များအား အသေးစိတ်ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် လယ်ယာကဏ္ဍ၊ သားငါးကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဆောက်လုပ်မှုကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ သစ်တောကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍနှင့် ထုတ်လုပ်မှုကဏ္ဍစသည့် စီမံကိန်းရည်မှန်းချက်တာဝန်များကို သက်ဆိုင်ရာဌာန တာဝန်ရှိသူများထံသို့ ပေးအပ်ခဲ့ကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်