ကလော ဧပြီ ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်၊ လွယ်အံကျေးရွာအုပ်စု၊ အင်းပြင်ကျေးရွာနှင့် အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်တို့တွင် ယနေ့နံနက်ပိုင်းက မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက တိရိစ္ဆာန်ကူးစက်ရောဂါကာကွယ်ရေး ရက် (၁၀၀) ကာကွယ်ဆေးထိုးစီမံချက် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဒေါက်တာ စုလျှမ်းထက် ဦးဆောင်၍ အဖွဲ့ဝင်များက အင်းပြင်ကျေးရွာနှင့် ညောင်ပင်ထောင်ရပ်ကွက်အတွင်းရှိ နို့စားနွား တစ်ပိုင်တစ်နိုင် စီးပွားဖြင့် မွေးမြူသူ ၄၀ ဦးနှင့်တွေ့ဆုံ၍ ရက်(၁၀၀)ကာကွယ်ဆေးထိုး စီမံချက်အကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် နွားမွေးမြူသူများအား ခြံဖျန်းပိုးသတ်ဆေးများပေးအပ်ခဲ့ပြီး ကာကွယ်ဆေးထိုးစီမံချက်အတိုင်း မွေးမြူထားသည့် နို့စားနွားများအား လည်ချောင်းကွဲရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့သည်။
မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက်(၁၀၀)အတွင်း မွေးမြူမှုစာရင်းများ ကောက်ယူခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်း၊ မေထုန်မဲ့သားစပ်ခြင်း၊ မွေးမြူရေးသင်တန်းပေးခြင်း၊ တိရိစ္ဆာန် အာဟာရပိုင်းဆိုင်ရာ ဟောပြောပွဲများပြုလုပ်ခြင်း၊ အများပြည်သူစားသုံးမည့် အသားများစစ်ဆေးခြင်း၊ မွေးမြူရေးလုပ်ငန်းများစစ်ဆေး၊ ဆန်းစစ်ခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)