ရမည်းသင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်နေအိမ်များအား လက်ရောက်ပေးအပ်

ရမည်းသင်း ဧပြီ ၂၈

ရမည်းသင်းမြို့နယ်အတွင်းရှိ မြို့ပေါ်/ကျေးရွာများ၌ ဧပြီလ ၂၆ ရက် မွန်းလွဲ ၂ နာရီခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခြင်းကြောင့် အိမ်အမိုးလန်ခြင်း၊ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် နေအိမ်များအား ထောက်ပံပေးခြင်းကို ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ဦးဆောင်မှုဖြင့် ယနေ့မွန်းလွဲပိုင်းက ရပ်ကွက်/ ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ကွင်းဆင်းထောက်ပံ့ရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်မြင့်၊ အဖွဲ့ဝင်ဒုဗိုလ်မှုးကြီးဇော်မျိုးထက်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်ရွှေသိန်း၊ တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်ဦးဇော်ဝင်း၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ဇင်မာထွန်းနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဒေါ်သိမ့်သိမ့်မျိုးတို့က ပုတီးကုန်း၊ မြို့လှ၊ အုန်းသီးကွဲနှင့် မကျီးကုန်ကျေးရွာအုပ်စု (၄) အုပ်စုတို့မှ အိမ်အမိုးလန်ခြင်းနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးမှု ဖြစ်ပေါ်ခဲ့သည့် နေအိမ် ၃၁လုံး၊ လူဦးရေ ၁၂၂ ဦး တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ၊ အိမ်မိုးသွပ် (၆ပေ×၃ပေ) (၇၄) ချပ်နှင့် ဆန်ရိက္ခာဖိုးငွေ ၂၁ သိန်း ၆ သောင်းကို အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)