အမြို့မြို့အနယ်နယ်သတင်းများ

အောင်လံမြို့၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အောင်လံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

နမ့်စန်တွင် နမ့်လတ်ချောင်းစီးဝင်နေသော နောက်ဆုံးရေငုပ်ဂူအတွင်း ပိတ်ဆို့နေသော အမှိုက်များအား ဆက်လက်ရှင်းလင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် မြို့လယ်မှ ဖြတ်သန်းစီးဆင်းနေသော နမ့်လတ်ချောင်းရေစီးဝင်သည့် ရေငုပ်ဂူများနှင့် ချောင်းတလျှောက်တွင် သန့်ရှင်းရေး လုပ်ငန်းများကို ဧပြီလ ၂၅ ရက်မှစတင်၍ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီက အမှတ်(၁)ရပ်ကွက်၊ ဗုဒ္ဓရာဇာဘုန်းတော်ကြီးကျောင်း အနောက်ဘက်ရှိ  နောက်ဆုံးရေငုပ်ဂူကြီးအတွင်း သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ခရိုင်များထံ ကချင်ပြည်နယ်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်ဒေသန္တရစီမံကိန်းဥပဒေပါ စီမံကိန်းရည်မှန်းချက်တာဝန်များ အပြည့်အဝ အကောင်အထည်ဖော်နိုင်ရေး တာဝန်ပေးအပ်

ကချင်ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေးအတွက် ပြည်သူ့လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူကိုဗဟိုပြု၍ အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ကချင်ပြည်နယ်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍဦရေးနှစ် ဒေသန္တရ စီမံကိန်းဥပဒေပါ စီမံကိန်းရည်မှန်းချက်များအား တာဝန်ရှိသူများထံ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သန်လျင်မြို့ သီဟဒီပအားကစားကွင်းအား ကြည့်ရှုစစ်ဆေး

အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန တိုင်းဦးစီးမှူး ဦးကျော်မင်းသန်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် (၉) နာရီခွဲ အချိန်ကသန်လျင်ခရိုင် သန်လျင်မြို့နယ် ပဲခူးစုရပ်ကွက် ကျိုက်ခေါက်ဘုရားလမ်းရှိ သီဟဒီပအားကစားကွင်းသို့ ရောက်ရှိပြီး သန်လျင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထိုက်၊ သန်လျင်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်ဌေး၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်မင်းထွန်း၊ သန်လျင်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်လင်း၊ မြို့နယ်ယာဥ်ထိန်းတပ်ဖွဲ့မှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး နေလင်းအောင်၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလင်းလင်းထွန်းတို့နှင့် တွေ့ဆုံကာ သီဟဒီပအားကစားကွင်းရှိ ဘောလုံးအားကစားကွင်း၊ ရေကူးကန်၊ (က) အဆင့် အားကစားရုံ၊ (ခ) အဆင့် ကြက်တောင်အားကစားရုံ၊ ဖူဆယ်ဘောလုံးအားကစားရုံတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးမှ အားကစားရုံအခြေအနေများအား ရှင်းလင်းတင်ပြသည်။

တန့်ယန်းမြို့နယ်တွင် ရက်(၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ (၁၀၀)စီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ်(၆) ရပ်ကွက်သို့ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

သန်လျင်မြို့နယ် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်/ ကျေးအုပ်ချုပ်ရေးမှူးများ တွေ့ဆုံဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲ့ရေးနှင့်အုပ်ချုပ်ရေးကော်မတီများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်/ ကျေးအုပ်ချုပ်ရေးမှူးများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားသင်တန်းစခန်း၌ အခြေခံလေကြောင်းလူငယ်သင်တန်း၊ အမှတ်စဉ် (၁၀) အား ဖွင့်လှစ်‌ပေး

မြစ်ကြီးနားသင်တန်းစခန်း၏အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁၀) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဗလမင်းထင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့် တပ်မတော်အရာရှိကြီးများ၊ သင်တန်းသား/ သင်တန်းသူများနှင့် ၎င်းတို့ ၏ အုပ်ထိန်းသူမိဘများ တက်ရောက်ခဲ့ကြသည်။

ရမည်းသင်းတွင် ရက် (၁၀၀) စီမံချက်ဖြင့် ဖွင့်လှစ်သော အခြေခံ/မွမ်းမံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းများမှ အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်​ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်း ရက် (၁၀၀) စီမံချက်​ဖြင့် ဖွင့်လှစ်သည့် အခြေခံ/မွမ်းမံစက်ချုပ်နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက စံပြသိမ်ကုန်းကျေးရွာ၊ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ချောင်းဆုံမြို့နယ်၌ ရက်၁၀၀ စီမံချက်ဖြင့် မွေးမြူရေးပညာပေး သင်တန်းဖွင့်လှစ်

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ ဒေသခံပြည်သူများ တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်း ဝင်ငွေတိုးစေရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်ဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ရက် ၁၀၀ စီမံချက်ဖြင့် ဧပြီလ ၂၈ ရက်နေ့က ကုလာဘီးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် မွေးမြူရေးပညာပေး သင်တန်းကို ဖွင့်လှစ်‌ခဲ့ကြောင်း သိရသည်။

ညောင်တုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင်စျေးများ၌ မီးဘေးလုံခြုံရေးအတွက် အသိပညာပေး စစ်ဆေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်စျေးများ၌ မီးဘေးလုံခြုံရေးအတွက် အသိပညာပေးစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ဈေးများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ